ခ်စ္သူနဲ႔အတူ သြားသင့္တဲ့ ကမာၻေပၚက စိတ္ကူးယဥ္အဆန္ဆုုံး ေနရာ ( ၅ )ခု

ကိုယ္ခ်စ္ရသူနဲ႔အတူ Romantic (စိတ္ကူးယဥ္ဆန္) တဲ့ ေနရာေတြမွာ ဒိတ္လုပ္ဖို႔ လူတိုင္း ဘဝမွာ တခါေတာ့ စိတ္ကူးယဥ္မိၾကမွာပါ။ အခ်စ္က လူတိုင္းနဲ႔ မကင္းတာေၾကာင့္ ကမာၻတဝန္းမွာ ႐ိုမန႔္တစ္ဆန္တဲ့ ေနရာေလးေတြ ဖန္တီးထားေလ့ ရွိပါတယ္။အခုေဖာ္ျပေပးမယ့္ ေနရာ ၅ ခုကေတာ့ ကမာၻေပၚမွာ စိတ္ကူးယဥ္ဆန္ဆန္ လွတဲ့ ေနရာေတြပဲ ျဖစ္ပါတယ္။

(၁) Paris (ပဲရစ္)

ပဲရစ္ဆိုတာနဲ႔ ႐ိုမန႔္တစ္ဆန္ၿပီး ခ်စ္သူနဲ႔ သြားဖို႔ကို စိတ္ကူးၿပီးသားျဖစ္မွာပါ။ မီးမွိန္မွိန္၊ ေကာ္ဖီဆိုင္လွလွေလးေတြ၊ ဝိုင္နဲ႔ အျခားေသာ အႏုပညာေတြက ပဲရစ္ကို စိတ္ကူးယဥ္ဆန္စရာ အခ်စ္ၿမိဳ႕ေတာ္အျဖစ္ ပုံေဖာ္ထားတာေၾကာင့္ ပိုက္ဆံရွိတယ္ဆိုရင္ေတာ့ အီဖယ္ တာဝါေအာက္မွာ အနမ္းေတြဖလွယ္ရင္း အမွတ္တရေတြ ဖန္တီးသင့္ပါတယ္။

(၂) Santorini (ဆန္တိုရီနီ)

ဂရိက ဆန္တိုရီနီဟာလည္း အရမ္းကို လွတဲ့ ေနရာတခုပါ။ ဆန္တိုရီနီကြၽန္းေပၚကေန ေနဝင္ခ်ိန္ၾကည့္တာကို ခ်စ္ရတဲ့သူနဲ႔အတူ လုပ္ေဆာင္ျခင္းအားျဖင့္ ေမ့မရတဲ့ေန႔ရက္ေတြ ဖန္တီးႏိုင္ပါတယ္။

(၃) Venice (ဗင္းနစ္)

အီတလီက ဗင္းနစ္ဟာလည္း ေရေပၚအိမ္နဲ႔ လမ္းေတြကလည္း ခရီးသြားေတြကို ဆြဲေဆာင္သလို လွပတာေၾကာင့္ စုံတြဲေတြ သြားေလ့ရွိပါတယ္။

(၄) Maldives (ေမာ္လ္ဒိုက္)

ကဲ ေနာက္ထပ္ ႐ိုမန႔္တစ္ဆန္တဲ့ အခ်ိန္ေတြကို ဖန္တီးဖို႔အတြက္ ဆိုရင္ ေမာ္လ္ဒိုက္ကမ္းေျခကိုလည္း ေမ့ထားလို႔ မရပါဘူး။ ၾကည္ျပာျပာ ေရျပင္၊ အဆုံး မရွိတဲ့ ျဖဴလႊလႊ သဲေသာင္ျပင္မွာ ခ်စ္သူလက္ကိုတြဲကာ လမ္းေလွ်ာက္လို႔ ရတာေၾကာင့္ အဲဒီေနရာဟာလည္း ကမာၻေပၚက စိတ္ကူးယဥ္ဆန္တဲ့ ေနရာေတြထဲက တခုေပ့ါ။

(၅) Casablanca (ကာဆာဘလန္ကာ)

ေမာ္႐ိုကိုက ကာဆာဘလန္ကာဟာလည္း ႐ုပ္ရွင္ေတြထဲမွာ အခ်စ္ၿမိဳ႕ေတာ္အျဖစ္ ဖန္တီးထားတာ ေတြ႕ရမွာပါ။ သူ႔ရဲ႕ ကမ္းေျခ၊ ခ်စ္စဖြယ္ ေက်းလက္နဲ႔ အျခားေသာ အရာေတြဟာလည္း စုံတြဲေတြအတြက္ ခံစားခ်က္တခုကို ေပးစြမ္းႏိုင္ပါတယ္။

ကမာၻေပၚမွာ စိတ္ကူးယဥ္ဆန္ၿပီး လွတဲ့ ေနရာေတြ ေနာက္ထပ္ အမ်ားႀကီးရွိေသးေပမယ့္ အခုေဖာ္ျပထားတဲ့ ေနရာေတြက စာဖတ္သူ ပရိသတ္ေတြ ရင္းႏွီးၿပီးသား ျဖစ္မယ္ ထင္ပါတယ္။

Credit: Irrawaddy

Unicode

ကိုယ်ချစ်ရသူနဲ့အတူ Romantic (စိတ်ကူးယဉ်ဆန်) တဲ့ နေရာတွေမှာ ဒိတ်လုပ်ဖို့ လူတိုင်း ဘဝမှာ တခါတော့ စိတ်ကူးယဉ်မိကြမှာပါ။ အချစ်က လူတိုင်းနဲ့ မကင်းတာကြောင့် ကမ္ဘာတဝန်းမှာ ရိုမန့်တစ်ဆန်တဲ့ နေရာလေးတွေ ဖန်တီးထားလေ့ ရှိပါတယ်။အခုဖော်ပြပေးမယ့် နေရာ ၅ ခုကတော့ ကမ္ဘာပေါ်မှာ စိတ်ကူးယဉ်ဆန်ဆန် လှတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

(၁) Paris (ပဲရစ်)

ပဲရစ်ဆိုတာနဲ့ ရိုမန့်တစ်ဆန်ပြီး ချစ်သူနဲ့ သွားဖို့ကို စိတ်ကူးပြီးသားဖြစ်မှာပါ။ မီးမှိန်မှိန်၊ ကော်ဖီဆိုင်လှလှလေးတွေ၊ ဝိုင်နဲ့ အခြားသော အနုပညာတွေက ပဲရစ်ကို စိတ်ကူးယဉ်ဆန်စရာ အချစ်မြို့တော်အဖြစ် ပုံဖော်ထားတာကြောင့် ပိုက်ဆံရှိတယ်ဆိုရင်တော့ အီဖယ် တာဝါအောက်မှာ အနမ်းတွေဖလှယ်ရင်း အမှတ်တရတွေ ဖန်တီးသင့်ပါတယ်။

(၂) Santorini (ဆန်တိုရီနီ)

ဂရိက ဆန်တိုရီနီဟာလည်း အရမ်းကို လှတဲ့ နေရာတခုပါ။ ဆန်တိုရီနီကျွန်းပေါ်ကနေ နေဝင်ချိန်ကြည့်တာကို ချစ်ရတဲ့သူနဲ့အတူ လုပ်ဆောင်ခြင်းအားဖြင့် မေ့မရတဲ့နေ့ရက်တွေ ဖန်တီးနိုင်ပါတယ်။

(၃) Venice (ဗင်းနစ်)

အီတလီက ဗင်းနစ်ဟာလည်း ရေပေါ်အိမ်နဲ့ လမ်းတွေကလည်း ခရီးသွားတွေကို ဆွဲဆောင်သလို လှပတာကြောင့် စုံတွဲတွေ သွားလေ့ရှိပါတယ်။

(၄) Maldives (မော်လ်ဒိုက်)

ကဲ နောက်ထပ် ရိုမန့်တစ်ဆန်တဲ့ အချိန်တွေကို ဖန်တီးဖို့အတွက် ဆိုရင် မော်လ်ဒိုက်ကမ်းခြေကိုလည်း မေ့ထားလို့ မရပါဘူး။ ကြည်ပြာပြာ ရေပြင်၊ အဆုံး မရှိတဲ့ ဖြူလွှလွှ သဲသောင်ပြင်မှာ ချစ်သူလက်ကိုတွဲကာ လမ်းလျှောက်လို့ ရတာကြောင့် အဲဒီနေရာဟာလည်း ကမ္ဘာပေါ်က စိတ်ကူးယဉ်ဆန်တဲ့ နေရာတွေထဲက တခုပေ့ါ။

(၅) Casablanca (ကာဆာဘလန်ကာ)

မော်ရိုကိုက ကာဆာဘလန်ကာဟာလည်း ရုပ်ရှင်တွေထဲမှာ အချစ်မြို့တော်အဖြစ် ဖန်တီးထားတာ တွေ့ရမှာပါ။ သူ့ရဲ့ ကမ်းခြေ၊ ချစ်စဖွယ် ကျေးလက်နဲ့ အခြားသော အရာတွေဟာလည်း စုံတွဲတွေအတွက် ခံစားချက်တခုကို ပေးစွမ်းနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ စိတ်ကူးယဉ်ဆန်ပြီး လှတဲ့ နေရာတွေ နောက်ထပ် အများကြီးရှိသေးပေမယ့် အခုဖော်ပြထားတဲ့ နေရာတွေက စာဖတ်သူ ပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်။

Credit: Irrawaddy