ကိုယ့်ချစ်သူက ခဏခဏ Block တတ်တဲ့သူဆိုရင် သိထားသင့်တဲ့ အချက်များ







Credit:marry

Unicode

သူမကြိုက်တာတွေ လုပ်မယ်ဆိုရင်

စုံတွဲလေးတို့ရေ ရန်ဖြစ် စိတ်ဆိုးပြီး ပြန်ချော့ပြီး ပြန်ချစ်ကြတဲ့ အချိန်ဟာ ကြည်နူးစရာ အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း ရန်ဖြစ်ရတဲ့ အကြောင်းအရာက တားမြစ်ထားတဲ့ ကိစ္စကို လုပ်မိတာဆိုရင်တော့ နှစ်ယောက်စလုံး စိတ်ထိခိုက်စရာတွေပဲ ကြုံလာရမှာ သေချာပါတယ်။

အဲဒီတော့ သူမကြိုက်တာတွေ လုပ်မယ်ဆိုရင် သူ လုံးဝမသိအောင်လုပ်ပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဘာမှကို မလုပ်ပါနဲ့။ ပြန်သိသွားရင် Block တဲ့ပြဿနာတွေ ထပ်ဖြစ်နေ ဦးမှာပါနော်။

ပြဿနာက Block ရုံနဲ့ မပြီးဘူးဆိုတာ ရှင်းပြပါ

စုံတွဲလေးတို့ ပြေပြေလည်လည် ပြန်ဖြစ်တဲ့အချိန်မှာ ရှင်းပြရမယ့် အချက်တစ်ချက်ကတော့ ပြဿနာဆိုတာ ဒီလိုမျိုး Block ရုံနဲ့ မပြီးသွားဘူးဆိုတာပါပဲ။ ဒါကို သေချာနားလည် သဘောပေါက်မယ်ဆိုရင် နောက်ပိုင်းမှာ Block တဲ့ ကိစ္စတွေ ချစ်သူတွေကြားမှာ လျှော့ နည်းသွားပြီး ရှင်းပြခွင့်တွေ စကားပြောခွင့်တွေလည်း ရမှာပါ။

စုံတွဲလေးတို့ထဲမှာရော ဘယ်သူက ခဏခဏ Block တတ်တဲ့သူလဲ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်က ကြည်နူးစရာကောင်းပေမယ့် Fb မှာ ပြန်အပ်လိုက် ပြန်Block ကတော့ ရေရှည်အတွက် မကောင်းဘူးနော်။

Credit:marry