“င” လိုင္စင္ အနီကေန “ခ” လိုင္စင္ အနက္ ျပန္ေျပာင္းမယ္

ဆ ရာရယ္”င”လိုင္စင္ရဖို႔ေလး အတြက္ကို”ခ”လိုင္စင္ကေန ၅ ႏွစ္ႀကီးေတာင္ ေစာင့္ေနခဲ့ရတာ ရပီးသား”င”လိုင္စင္ကိုေတာ့”ခ” ျပန္မေျပာင္းပါရေစနဲ႔လို႔။ ဟုတ္ပါတယ္ အဲ့ဒီလိုေျပာၾကတဲ့သူ မ်ားၾကမွာပါ။ ဒါေပမဲ့ အခု ကြၽန္ေတာ္ကဒီလိုမ်ိဳးေလး ေျပာျပခ်င္ပါေသးတယ္။

တ ခ်ိဳ႕က လက္ထဲမွာ”င”လိုင္စင္ ကိုင္ထားတယ္။ အသက္အ႐ြယ္အရပဲျဖစ္ျဖစ္ အလုပ္ေၾကာင့္ပဲျဖစ္ျဖစ္ အေၾကာင္းေၾကာင္းေတြေၾကာင့္ လက္ရွိ”င”လိုင္စင္ကို အသုံးျပဳမႈမရွိေတာ့ဘူး။ တ ခ်ိဳ႕ကလဲ “င”လိုင္စင္ ကိုင္ထားတယ္ဆိုေပမဲ့ ကိုယ္ပိုင္အိမ္စီးကားေလးပဲ ေမာင္းေနေတာ့တယ္။ အဲ့ဒီလိုအေျခအေနမ်ိဳးရွိေနတဲ့ သူေတြအတြက္ လိုင္စင္ႏႈန္းထားေတြ ျမင့္တက္လာတဲ့ခုခ်ိန္အခါမွာ “င”လိုင္စင္တစ္ခုရဲ႕ ေငြကုန္မႈဟာ အေတာ္ႀကီးကိုသိသိသာသာ ျဖစ္လာပါေတာ့တယ္။

၃ ႏွစ္ျပည့္တိုင္း သက္တမ္းတစ္ခါ ျပန္တိုးရမယ္။

သက္တမ္းတိုးခ = ၇၅၀၀၀ က်ပ္ရယ္

အာမခံေၾကး = ၆၅၀၀ က်ပ္ရယ္

၃ ႏွစ္တစ္ႀကိမ္ ၈၁၅၀၀ က်ပ္ကုန္ေနမယ္ သက္တမ္းေလး တစ္ရက္ လြန္သြားရင္ျဖင့္ ၈၁၅၀၀+၂၅၀၀၀=၁၀၆၅၀၀ က်ပ္ႀကီးမ်ားေတာင္ကုန္မွာဗ်ာ

“ခ”ဆိုရင္ေတာ့ ၅ ႏွစ္ေနမွတစ္ႀကိမ္ သက္တမ္းတိုးရပါမယ္

သက္တမ္းတိုးခ = ၅၀၀၀၀ က်ပ္

အာမခံေၾကး = ၅၅၀၀ က်ပ္နဲ႔

၅ ႏွစ္မွ ၅၅၅၀၀ က်ပ္ပဲကုန္မွာပါ သက္တမ္းတစ္ရက္လြန္ရင္လည္း ၅၅၅၀၀+၁၀၀၀၀=၆၅၅၀၀ က်ပ္ပဲကုန္မွာပါ

“င” လိုင္စင္ဟာ ၃ ႏွစ္တစ္ႀကိမ္၊ “ခ”လိုင္စင္က ၅ ႏွစ္တစ္ႀကိမ္ ကြားျခားသလို ေငြေၾကးဟာလည္း အရမ္းကြာျခားပါတယ္။ ဒီေတာ့ အထက္ကေျပာခဲ့သလို လက္ရွိ”င”လိုင္စင္ကို အသုံးျပဳမႈ မရွိေတာ့ဘူး “င”လိုင္စင္ ကိုင္ထားတယ္ဆိုေပမဲ့ ကိုယ္ပိုင္ အိမ္စီးကားေလးပဲ ေမာင္းေနေတာ့တယ္ ဆိုတဲ့အေျခအေနမ်ိဳး ရွိေနတဲ့သူေတြအတြက္ အေတာ္ကို အဆင္ေျပတဲ့ ေျပာင္လဲမႈပါပဲ။

အဲ့ ဒီလို”င”လိုင္စင္အနီကေန “ခ”လိုင္စင္အနက္ ျပန္ေျပာင္းမယ္ဆိုရင္ မွတ္ပုံတင္မိတၳဴ/မူရင္း၊ ပက္စ္ပို႔ပုံ ၄ ပုံႏွင့္အတူ လူကိုယ္တိုင္း လက္ရွိ”င”လိုင္စင္ ယူေဆာင္လို႔ သက္ဆိုင္ရာကညနမွာ ျပန္ေျပာင္းလို႔ရပါတယ္။ ေျပာင္းပီးရင္ေတာ့ ေနာက္တစ္ႀကိမ္ “င”ျပန္ျဖစ္ခ်င္လို႔ေတာ့ မရေတာ့ပါဘူး။ “င” ကေန “ခ”ကို ေအာက္ျပန္ဆင္းခဲ့တာ ျဖစ္တဲ့အတြက္ အထက္ ျပန္တက္လို႔ မရေတာ့ပါဘူး။ ခံဝန္ေလး လက္မွတ္ထိုးရပါတယ္။

ယာဥ္ အသုံးျပဳသူ မိဘျပည္သူမ်ားအားလုံး အခုလိုေလး လုပ္လို႔ရတာကို သိရွိၿပီးတဲ့ေနာက္ ေျပာင္းခ်င္သူမ်ား ေျပာင္းလို႔ရေအာင္ ဗဟုသုတမွ်ေဝလိုက္ပါတယ္။ ( ရာထူးတိုးစာေမးပြဲေျဖဆိုရန္ စာက်က္ေနပါသျဖင့္ post မ်ား မတင္ျဖစ္သည္ကို fri မ်ား နားလည္ေပးပါရန္)

ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ (10.3.2018)

Unicode

ဆ ရာရယ်”င”လိုင်စင်ရဖို့လေး အတွက်ကို”ခ”လိုင်စင်ကနေ ၅ နှစ်ကြီးတောင် စောင့်နေခဲ့ရတာ ရပီးသား”င”လိုင်စင်ကိုတော့”ခ” ပြန်မပြောင်းပါရစေနဲ့လို့။ ဟုတ်ပါတယ် အဲ့ဒီလိုပြောကြတဲ့သူ များကြမှာပါ။ ဒါပေမဲ့ အခု ကျွန်တော်ကဒီလိုမျိုးလေး ပြောပြချင်ပါသေးတယ်။

တ ချို့က လက်ထဲမှာ”င”လိုင်စင် ကိုင်ထားတယ်။ အသက်အရွယ်အရပဲဖြစ်ဖြစ် အလုပ်ကြောင့်ပဲဖြစ်ဖြစ် အကြောင်းကြောင်းတွေကြောင့် လက်ရှိ”င”လိုင်စင်ကို အသုံးပြုမှုမရှိတော့ဘူး။ တ ချို့ကလဲ “င”လိုင်စင် ကိုင်ထားတယ်ဆိုပေမဲ့ ကိုယ်ပိုင်အိမ်စီးကားလေးပဲ မောင်းနေတော့တယ်။ အဲ့ဒီလိုအခြေအနေမျိုးရှိနေတဲ့ သူတွေအတွက် လိုင်စင်နှုန်းထားတွေ မြင့်တက်လာတဲ့ခုချိန်အခါမှာ “င”လိုင်စင်တစ်ခုရဲ့ ငွေကုန်မှုဟာ အတော်ကြီးကိုသိသိသာသာ ဖြစ်လာပါတော့တယ်။

၃ နှစ်ပြည့်တိုင်း သက်တမ်းတစ်ခါ ပြန်တိုးရမယ်။

သက်တမ်းတိုးခ = ရ၅၀၀၀ ကျပ်ရယ်

အာမခံကြေး = ၆၅၀၀ ကျပ်ရယ်

၃ နှစ်တစ်ကြိမ် ၈၁၅၀၀ ကျပ်ကုန်နေမယ် သက်တမ်းလေး တစ်ရက် လွန်သွားရင်ဖြင့် ၈၁၅၀၀+၂၅၀၀၀=၁၀၆၅၀၀ ကျပ်ကြီးများတောင်ကုန်မှာဗျာ

“ခ”ဆိုရင်တော့ ၅ နှစ်နေမှတစ်ကြိမ် သက်တမ်းတိုးရပါမယ်

သက်တမ်းတိုးခ = ၅၀၀၀၀ ကျပ်

အာမခံကြေး = ၅၅၀၀ ကျပ်နဲ့

၅ နှစ်မှ ၅၅၅၀၀ ကျပ်ပဲကုန်မှာပါ သက်တမ်းတစ်ရက်လွန်ရင်လည်း ၅၅၅၀၀+၁၀၀၀၀=၆၅၅၀၀ ကျပ်ပဲကုန်မှာပါ

“င” လိုင်စင်ဟာ ၃ နှစ်တစ်ကြိမ်၊ “ခ”လိုင်စင်က ၅ နှစ်တစ်ကြိမ် ကွားခြားသလို ငွေကြေးဟာလည်း အရမ်းကွာခြားပါတယ်။ ဒီတော့ အထက်ကပြောခဲ့သလို လက်ရှိ”င”လိုင်စင်ကို အသုံးပြုမှု မရှိတော့ဘူး “င”လိုင်စင် ကိုင်ထားတယ်ဆိုပေမဲ့ ကိုယ်ပိုင် အိမ်စီးကားလေးပဲ မောင်းနေတော့တယ် ဆိုတဲ့အခြေအနေမျိုး ရှိနေတဲ့သူတွေအတွက် အတော်ကို အဆင်ပြေတဲ့ ပြောင်လဲမှုပါပဲ။

အဲ့ ဒီလို”င”လိုင်စင်အနီကနေ “ခ”လိုင်စင်အနက် ပြန်ပြောင်းမယ်ဆိုရင် မှတ်ပုံတင်မိတ္ထူ/မူရင်း၊ ပက်စ်ပို့ပုံ ၄ ပုံနှင့်အတူ လူကိုယ်တိုင်း လက်ရှိ”င”လိုင်စင် ယူဆောင်လို့ သက်ဆိုင်ရာကညနမှာ ပြန်ပြောင်းလို့ရပါတယ်။ ပြောင်းပီးရင်တော့ နောက်တစ်ကြိမ် “င”ပြန်ဖြစ်ချင်လို့တော့ မရတော့ပါဘူး။ “င” ကနေ “ခ”ကို အောက်ပြန်ဆင်းခဲ့တာ ဖြစ်တဲ့အတွက် အထက် ပြန်တက်လို့ မရတော့ပါဘူး။ ခံဝန်လေး လက်မှတ်ထိုးရပါတယ်။

ယာဉ် အသုံးပြုသူ မိဘပြည်သူများအားလုံး အခုလိုလေး လုပ်လို့ရတာကို သိရှိပြီးတဲ့နောက် ပြောင်းချင်သူများ ပြောင်းလို့ရအောင် ဗဟုသုတမျှဝေလိုက်ပါတယ်။ ( ရာထူးတိုးစာမေးပွဲဖြေဆိုရန် စာကျက်နေပါသဖြင့် post များ မတင်ဖြစ်သည်ကို fri များ နားလည်ပေးပါရန်)

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (10.3.2018)