NLD ပါတီ သတင္းႏွင့္ျပန္ၾကားေရးအဖြဲ႔ဝင္ မံု႐ြာေအာင္ရွင္ႏွင့္ ေတြ႔ဆံုျခင္း

“ေနာက္လူေတြ သတိသာထားေပေတာ့ဗ်၊ ေရွ႕က နမူနာရထားၿပီး သင္ခန္းစာမယူရင္ေတာ့ မတတ္ႏိုင္ဘူး”

တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္သည္ ေထာင္ဒဏ္ ၁၅ ႏွစ္အထိ က်ခံရႏိုင္သည့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၅ ျဖင့္ အမႈဖြင့္ခံထားရၿပီျဖစ္သည္။ ယင္းအမႈကို မတ္လ ၁၅ ရက္တြင္ ပထမဆံုးအႀကိမ္ ႐ံုးထုတ္ စစ္ေဆးသြားမည္လည္းျဖစ္သည္။ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ အမႈဖြင့္ဖမ္းဆီးခံထားရသည့္ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ကို အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ကလည္း အေရးယူမႈမ်ား လုပ္ေဆာင္ရန္ စီစဥ္ထားရာ ယင္းကိစၥႏွင့္ ပတ္သက္၍ NLD ပါတီ သတင္းႏွင့္ ျပန္ၾကားေရးအဖြဲ႔ဝင္ မံု႐ြာေအာင္ရွင္ကို The Voice Daily သတင္းစာမွ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ ေဖာ္ျပလိုက္ပါသည္။

Voice : တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ကို ပါတီအေနနဲ႔လည္း အေရးယူမယ္လို႔ သိရတယ္။ ဘယ္လိုအေရးယူမွာလဲ။

UAS : ပါတီက အေရးယူမႈပိုင္းနဲ႔ အစိုးရပိုင္းေပါ့ ႏွစ္ပိုင္းရွိတယ္။ အခုက ႏိုင္ငံေတာ္သမၼတကိုယ္တိုင္ လက္မွတ္ထိုးၿပီး ရာထူးကေန ပယ္ခ်လိုက္တယ္။ ဆိုေတာ့ ပါတီအေရးယူမႈပိုင္း လာရေတာ့မယ္။ တနသၤာရီတိုင္းမွာ ပါတီတာဝန္ေတြရွိတယ္၊ ေနာက္ဆက္တြဲ ေျဖရွင္းရမွာေတြရွိတယ္။ ပါတီဘက္က အေရးယူမႈပိုင္း စလုပ္ေတာ့မယ္။

Voice : ပါတီအေနနဲ႔ အေရးယူမယ္ဆိုေတာ့ ပါတီ စည္းမ်ဥ္းစည္းကမ္းအရ ဘယ္ေတာ့စလုပ္မွာလဲ။

UAS : လာမယ့္ အလုပ္အမႈေဆာင္အစည္းအေဝးမွာ အေသးစိတ္သိရမယ္။ မတ္လ တတိယပတ္ေလာက္ဆို သိရမယ္။ ဘယ္လိုအေရးယူမယ္ဆိုတာ အစည္းအေဝးမွာ ဆံုးျဖတ္မယ္။ တိုင္ၾကားစာနဲ႔ ပတ္သက္လို႔ ႏွစ္ခုရွိတယ္။ ပါတီပိုင္းဆိုင္ရာတိုင္ၾကားစာကို ဦးဉာဏ္ဝင္း ဦးေဆာင္တဲ့ ပါတီစည္းကမ္းထိန္းသိမ္းေရး ဗဟိုေကာ္မတီက ကိုင္တြယ္မယ္။ ေဒါက္တာမ်ိဳးၫႊန္႔တို႔ကေတာ့ လႊတ္ေတာ္ပိုင္းဆိုင္ရာ တိုင္ၾကားခ်က္ကို ကိုင္ထားတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ တိုင္ၾကားထားတာကို စိစစ္ေနတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ျပည္သူနဲ႔ ထိေတြ႔ဆက္ဆံမႈအေျခအေနေတြ၊ သူတို႔ လုပ္ေဆာင္ခ်က္ေတြကို တစ္လတစ္ခါ လုပ္ေဆာင္ခ်က္ေတြကို လစဥ္တင္ရပါတယ္။ သူတို႔တင္ျပခ်က္ကို ျပန္ၿပီးသံုးသပ္ထားတယ္။ ကၽြန္ေတာ္တို႔ ျပန္ၾကားေရး ဘက္ကိုေတာ့ တိုင္ၾကားစာမလာဘူး။ ေဒါက္တာ မ်ိဳးၫႊန္႔တို႔ဘက္ေတာ့ တိုင္ၾကားစာလာတယ္လို႔ သိထားတယ္။

Voice : တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္းလို အဂတိလိုက္စားမႈေတြ ထပ္မျဖစ္ေအာင္ ဘယ္လိုလုပ္ဖို႔ရွိသလဲ။

UAS : ေနာက္လူေတြ သတိသာထားေပေတာ့ဗ်၊ ေရွ႕မွာ နမူနာရထားၿပီးၿပီ။ ဒါကို သင္ခန္းစာမယူရင္ေတာ့ မတတ္ႏိုင္ဘူး။

Voice : ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဒၚလဲ့လဲ့ေမာ္အေနနဲ႔ အခုလိုျဖစ္သြားတဲ့အတြက္ NLD ပါတီအေပၚ ေဝဖန္မႈေတြရွိတာကို ဘာမ်ားေျပာခ်င္ပါသလဲ။

UAS : ဒီလိုျပႆနာေတြျဖစ္လာၿပီဆိုရင္ တစ္နည္း မဟုတ္တစ္နည္း ပါတီအေပၚ ေမးခြန္းထုတ္စရာေတြ ရွိလာတယ္။ ပါတီက တာဝန္ယူမႈ၊ တာဝန္ခံမႈနဲ႔ အေရးယူသင့္တာကို အေရးယူမယ္။ အဲဒါကိုေတာ့ အသိအမွတ္ျပဳေပးရမယ္။

Voice : အခုျဖစ္ရပ္က ပါတီအေပၚမွာေရာ ျပည္သူေတြရဲ႕ယံုၾကည္မႈ ထိခိုက္ႏိုင္သလား။

UAS : ဒီျဖစ္ရပ္က ပါတီပံုရိပ္အေပၚမွာ တစ္စံုတစ္ရာ ထိခိုက္ႏိုင္တယ္။ ေနာက္ဆက္တြဲအေနနဲ႔ ထိခိုက္တာ မ်ိဳးရွိလာႏိုင္သလို ပါတီဘက္ကလည္း တာဝန္ယူမႈ နဲ႔ျပန္ၿပီး ေျဖရွင္းရပါမယ္။

Voice : ျဖည့္စြက္ေျပာခ်င္တာမ်ား ရွိေသးသလဲ။
UAS : NLD ပါတီက ျပည္သူလူထုအေပၚ ေျပာထားတဲ့ ကတိအတိုင္း တာဝန္ယူမႈ၊ တာဝန္ခံမႈနဲ႔ ဆက္ၿပီး အလုပ္လုပ္ေနမယ္လို႔ပဲ ေျပာခ်င္ပါတယ္။

ခင္ျမတ္ျမတ္ေဝ

( ယခုုေဖာ္ျပသတင္းကုုိ The Voice Daily ၏ တရား၀င္ခြင့္ျပဳခ်က္ျဖင့္ ျပန္လည္ေဖာ္ျပပါသည္ )

Unicode

“နောက်လူတွေ သတိသာထားပေတော့ဗျ၊ ရှေ့က နမူနာရထားပြီး သင်ခန်းစာမယူရင်တော့ မတတ်နိုင်ဘူး”

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ခံထားရပြီဖြစ်သည်။ ယင်းအမှုကို မတ်လ ၁၅ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးသွားမည်လည်းဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကလည်း အရေးယူမှုများ လုပ်ဆောင်ရန် စီစဉ်ထားရာ ယင်းကိစ္စနှင့် ပတ်သက်၍ NLD ပါတီ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကို The Voice Daily သတင်းစာမှ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

Voice : တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ပါတီအနေနဲ့လည်း အရေးယူမယ်လို့ သိရတယ်။ ဘယ်လိုအရေးယူမှာလဲ။

UAS : ပါတီက အရေးယူမှုပိုင်းနဲ့ အစိုးရပိုင်းပေါ့ နှစ်ပိုင်းရှိတယ်။ အခုက နိုင်ငံတော်သမ္မတကိုယ်တိုင် လက်မှတ်ထိုးပြီး ရာထူးကနေ ပယ်ချလိုက်တယ်။ ဆိုတော့ ပါတီအရေးယူမှုပိုင်း လာရတော့မယ်။ တနင်္သာရီတိုင်းမှာ ပါတီတာဝန်တွေရှိတယ်၊ နောက်ဆက်တွဲ ဖြေရှင်းရမှာတွေရှိတယ်။ ပါတီဘက်က အရေးယူမှုပိုင်း စလုပ်တော့မယ်။

Voice : ပါတီအနေနဲ့ အရေးယူမယ်ဆိုတော့ ပါတီ စည်းမျဉ်းစည်းကမ်းအရ ဘယ်တော့စလုပ်မှာလဲ။

UAS : လာမယ့် အလုပ်အမှုဆောင်အစည်းအဝေးမှာ အသေးစိတ်သိရမယ်။ မတ်လ တတိယပတ်လောက်ဆို သိရမယ်။ ဘယ်လိုအရေးယူမယ်ဆိုတာ အစည်းအဝေးမှာ ဆုံးဖြတ်မယ်။ တိုင်ကြားစာနဲ့ ပတ်သက်လို့ နှစ်ခုရှိတယ်။ ပါတီပိုင်းဆိုင်ရာတိုင်ကြားစာကို ဦးဉာဏ်ဝင်း ဦးဆောင်တဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မတီက ကိုင်တွယ်မယ်။ ဒေါက်တာမျိုးညွှန့်တို့ကတော့ လွှတ်တော်ပိုင်းဆိုင်ရာ တိုင်ကြားချက်ကို ကိုင်ထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်ကြားထားတာကို စိစစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူနဲ့ ထိတွေ့ဆက်ဆံမှုအခြေအနေတွေ၊ သူတို့ လုပ်ဆောင်ချက်တွေကို တစ်လတစ်ခါ လုပ်ဆောင်ချက်တွေကို လစဉ်တင်ရပါတယ်။ သူတို့တင်ပြချက်ကို ပြန်ပြီးသုံးသပ်ထားတယ်။ ကျွန်တော်တို့ ပြန်ကြားရေး ဘက်ကိုတော့ တိုင်ကြားစာမလာဘူး။ ဒေါက်တာ မျိုးညွှန့်တို့ဘက်တော့ တိုင်ကြားစာလာတယ်လို့ သိထားတယ်။

Voice : တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်းလို အဂတိလိုက်စားမှုတွေ ထပ်မဖြစ်အောင် ဘယ်လိုလုပ်ဖို့ရှိသလဲ။

UAS : နောက်လူတွေ သတိသာထားပေတော့ဗျ၊ ရှေ့မှာ နမူနာရထားပြီးပြီ။ ဒါကို သင်ခန်းစာမယူရင်တော့ မတတ်နိုင်ဘူး။

Voice : ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်အနေနဲ့ အခုလိုဖြစ်သွားတဲ့အတွက် NLD ပါတီအပေါ် ဝေဖန်မှုတွေရှိတာကို ဘာများပြောချင်ပါသလဲ။

UAS : ဒီလိုပြဿနာတွေဖြစ်လာပြီဆိုရင် တစ်နည်း မဟုတ်တစ်နည်း ပါတီအပေါ် မေးခွန်းထုတ်စရာတွေ ရှိလာတယ်။ ပါတီက တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ အရေးယူသင့်တာကို အရေးယူမယ်။ အဲဒါကိုတော့ အသိအမှတ်ပြုပေးရမယ်။

Voice : အခုဖြစ်ရပ်က ပါတီအပေါ်မှာရော ပြည်သူတွေရဲ့ယုံကြည်မှု ထိခိုက်နိုင်သလား။

UAS : ဒီဖြစ်ရပ်က ပါတီပုံရိပ်အပေါ်မှာ တစ်စုံတစ်ရာ ထိခိုက်နိုင်တယ်။ နောက်ဆက်တွဲအနေနဲ့ ထိခိုက်တာ မျိုးရှိလာနိုင်သလို ပါတီဘက်ကလည်း တာဝန်ယူမှု နဲ့ပြန်ပြီး ဖြေရှင်းရပါမယ်။

Voice : ဖြည့်စွက်ပြောချင်တာများ ရှိသေးသလဲ။
UAS : NLD ပါတီက ပြည်သူလူထုအပေါ် ပြောထားတဲ့ ကတိအတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဆက်ပြီး အလုပ်လုပ်နေမယ်လို့ပဲ ပြောချင်ပါတယ်။

ခင်မြတ်မြတ်ဝေ

( ယခုုဖော်ပြသတင်းကုုိ The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည် )