ပုဒ္မ ၅၉(စ) ကုိ ဖ်က္သိမ္းေရး NLD ပါတီ ျပင္ဆင္ခ်က္တင္

ေဒၚေအာင္ဆန္းစုၾကည္ကုိ သမၼတမျဖစ္ႏုိင္ေအာင္ တားဆီးထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၅၉(စ)ကုိ ဖ်က္သိမ္းဖုိ႔ NLD ပါတီက လႊတ္ေတာ္ကုိယ္စားလွယ္တခ်ိဳ႕က ျပင္ဆင္ခ်က္အဆုိ တင္သြင္းလုိက္တယ္လုိ႔ သိရပါတယ္။

ဒီကေန႔က်င္းပတဲ့ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ ေျခာက္ႀကိမ္ေျမာက္ အစည္းအေ၀းမွာ ဖြဲ႕စည္းပုံ အခန္း ၃ ပါ ပုဒ္မ ၁၇ ခုကုိ ေဆြးေႏြးတာမွာ အဲဒီ ပုဒ္မ ၅၉ (စ) ျပင္ဆင္ေရးကုိ တင္သြင္းခဲ့တာလုိ႔ ေကာ္မတီဝင္ ကုိယ္စားလွယ္တခ်ိဳ႕က ေျပာပါတယ္။

ဒီကေန႔ ေဆြးေႏြးတဲ့ ဖြဲ႕စည္းပုံ အခန္း ၃ ကုိ ျပင္ဆင္ခ်က္ ၃ ခ်က္တင္သြင္းခဲ့တယ္လုိ႔ အင္န္အယ္လ္ဒီပါတီ ကုုိယ္စားလွယ္ေတြက ေျပာေပမယ့္ ဘယ္ပုဒ္မေတြ ျပင္ဆင္ဖုိ႔ တင္သြင္းခဲ့တယ္ဆုိတာကိုေတာ့ မေျပာပါဘူး။

ရခုိင္အမ်ိဳးသားပါတီကေတာ့ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ တပ္မေတာ္သား ကုိယ္စားလွယ္အစုအဖြဲ႕က ဒုသမၼတ တစ္ေယာက္စီခန္႔အပ္တဲ့ပုဒ္မကုိ တပ္မေတာ္သား ကုိယ္စားလွယ္အစုအဖြဲ႕က တင္ေျမာက္ခြင့္ကုိ ပယ္ဖ်က္ေပးဖို႔ တင္ျပခဲ့တယ္လုိ႔ ေျပာပါတယ္။

ဒီကေန႔ ေဆြးေႏြးခ်က္ေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္နဲ႔ ၾကံ့ခုိ္င္ဖြံ႕ၿဖိဳးေရးပါတီက ကုိယ္စားလွယ္ေတြကုိ ေမးျမန္းခဲ့ေပမယ့္ ဥပေဒအရ ေျဖၾကားခြင့္မရွိတဲ့အတြက္ မေျဖၾကားခဲ့ပါဘူး။

ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၅၉(စ)ကို ျပင္ဆင္ျခင္းမျပဳဖုိ႔ မၾကာေသးခင္က အမ်ိဳးသားေရးအင္အားစုေတြက ဆႏၵေဖာ္ထုတ္တာေတြလည္းရွိခဲ့ပါတယ္။

Credit_RFA

Unicode

ပုဒ်မ ၅၉(စ) ကို ဖျက်သိမ်းရေး NLD ပါတီ ပြင်ဆင်ချက်တင်

~~~~~~~~~~

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်နိုင်အောင် တားဆီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ဖျက်သိမ်းဖို့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့က ပြင်ဆင်ချက်အဆို တင်သွင်းလိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ကျင်းပတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ခြောက်ကြိမ်မြောက် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခန်း ၃ ပါ ပုဒ်မ ၁၇ ခုကို ဆွေးနွေးတာမှာ အဲဒီ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို တင်သွင်းခဲ့တာလို့ ကော်မတီဝင် ကိုယ်စားလှယ်တချို့က ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးတဲ့ ဖွဲ့စည်းပုံ အခန်း ၃ ကို ပြင်ဆင်ချက် ၃ ချက်တင်သွင်းခဲ့တယ်လို့ အင်န်အယ်လ်ဒီပါတီ ကုုိယ်စားလှယ်တွေက ပြောပေမယ့် ဘယ်ပုဒ်မတွေ ပြင်ဆင်ဖို့ တင်သွင်းခဲ့တယ်ဆိုတာကိုတော့ မပြောပါဘူး။

ရခိုင်အမျိုးသားပါတီကတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတ တစ်ယောက်စီခန့်အပ်တဲ့ပုဒ်မကို တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က တင်မြောက်ခွင့်ကို ပယ်ဖျက်ပေးဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ကြံ့ခို်င်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေကို မေးမြန်းခဲ့ပေမယ့် ဥပဒေအရ ဖြေကြားခွင့်မရှိတဲ့အတွက် မဖြေကြားခဲ့ပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ပြင်ဆင်ခြင်းမပြုဖို့ မကြာသေးခင်က အမျိုးသားရေးအင်အားစုတွေက ဆန္ဒဖော်ထုတ်တာတွေလည်းရှိခဲ့ပါတယ်။

Credit_RFA