မဂၤလာဦးညအတြက္ ျပင္ဆင္ထားရမည့္ အခ်က္မ်ား

မဂၤလာဦးညေလးဆိုတာ ႏွစ္ေယာက္တည္းသာ သိတဲ့ ၾကည္ႏူးျခင္း၊ ေပ်ာ္ရႊင္ျခင္းနဲ႔ ဘယ္အခ်ိန္ျပန္ေတြးေတြး ယုယၾကင္နာမႈေတြ ျပည့္ႏွက္ေနတဲ့ အခ်ိန္ကာလေလး တစ္ခုပါပဲ။

မဂၤလာဦးညေလးဆုိတာ ခ်စ္သူႏွစ္ေယာက္ဘဝကေန အၾကင္လင္မယားအျဖစ္ တက္လွမ္းျခင္းပါပဲ။ ႏွစ္ေယာက္တစ္ဘဝျဖစ္တည္ျခင္းရဲ႕ အမွတ္တရ ညေလးတစ္ညပါ။ မဂၤလာဦးညေလးဆိုတာ ႏွစ္ေယာက္တည္းသာ သိတဲ့ ၾကည္ႏူးျခင္း၊ ေပ်ာ္ရႊင္ျခင္းနဲ႔ ဘယ္အခ်ိန္ျပန္ေတြးေတြး ယုယၾကင္နာမႈေတြ ျပည့္ႏွက္ေနတဲ့ အခ်ိန္ကာလေလး တစ္ခုပါပဲ။

ေမႊးႀကိဳင္လန္းဆန္းတဲ့ ခႏၶာကိုယ္
ႏွစ္ဦးစလံုး ေန႔ခင္းဘက္မွာ မဂၤလာပြဲနဲ႔ ပင္ပန္းထားေတာ့ ညဘက္မွာ ေအးခ်မ္းၿပီး လန္းဆန္းတက္ၾကြတက္ဖုိ႔ဆိုရင္ ေမႊးႀကိဳင္လန္းဆန္းတဲ့ ရနံ႔ေလးေတြ ရဖို႔လုိပါတယ္။ ဒီေတာ့ လင္မယားႏွစ္ဦးစလံုး ခႏၶာကိုယ္ လန္းလန္းဆန္းဆန္းျဖစ္သြားေအာင္ ေရေအးေအးေလးခ်ိဳးၿပီး Lotion ဒါမွမဟုတ္ ေရေမႊးသံုးပါ။ ေမႊးႀကိဳင္လန္းဆန္းတဲ့ ခႏၶာကိုယ္ေလး ပိုင္ဆိုင္ထားဖို႔ ျပင္ဆင္ထားရပါမယ္ေနာ္။

ညအိပ္အက်ႌ
ပူပူေႏြးေႏြး ဇနီးတို႔ေရ မဂၤလာဦးညဟာ အမွတ္တရ အျဖစ္ဆံုးညေလး တစ္ညျဖစ္တာေၾကာင့္ ကိုယ့္ခင္ပြန္းရဲ႕ အျမင္အာရံုကို ဖမ္းစားဖို႔ လိုတယ္မလား၊ ဒီေတာ့ ညအိပ္အက်ႌ လွလွေလး ေရြးခ်ယ္ၿပီး ဝတ္ပါ။ အသားအေရာင္နဲ႔ လုိက္ဖက္ၿပီး ဆြဲေဆာင္မႈရွိတဲ့ ပံုစံမ်ိဳး ရွာဝယ္ဖို႔ မေမ့ပါနဲ႔ေနာ္။

ဝိုင္တခြက္
မဂၤလာဦးညေလးကို ျဖတ္သန္းဖို႔ ဝိုင္တခြက္ေလာက္ေတာ့ ႀကိဳတင္ျပင္ဆင္ထားပါ။ ဝိုင္တခြက္ေလာက္နဲ႔ရဲေဆးတင္တယ္ဆိုလည္း မမွားဘူးေလေနာ္။ ရီေဝေဝေလး ျဖစ္ဖုိ႔ေတာ့ လိုတာမို႔ ဝိုင္ေလးနဲ႔ အသီးအႏွံေလးေတြ ဝယ္ၿပီး ျပင္ဆင္ထားမယ္ဆိုရင္ Romantic မဂၤလာဦးညေလးကို ပိုင္ဆိုင္ရမွာပါ။

ပတ္ဝန္းက်င္
မဂၤလာဦးညေလးဆို လင္မယားႏွစ္ေယာက္ တိတ္တိတ္ဆိတ္ဆိတ္ ျဖတ္သန္းဖုိ႔ လိုပါတယ္။ ပတ္ဝန္းက်င္မွာ စကားဆူညံတာေတြ ဒါမွမဟုတ္ သီခ်င္းသံေတြ ဆူညံတာေတြ မရွိေစဖို႔ ႀကိဳတင္ျပင္ဆင္ထားရပါမယ္။ ဖုန္းအသံေတြေၾကာင့္ အေႏွာင့္အယွက္ မျဖစ္ေအာင္ ဖုန္းပိတ္ထားပါ။

အခန္းအလင္း
အခန္းအလင္းအေမွာင္ေတြကလည္း မဂၤလာဦးညအတြက္ လိုအပ္တဲ့ အရာပါပဲေနာ္။ ေမွာင္တာမ်ိဳး မဟုတ္ဘဲ အရမ္းႀကီး လင္းတာမ်ိဳး မျဖစ္ေစဘဲ Romantic ဆန္တဲ့ မဂၤလာဦးညေလး ျဖစ္ေအာင္ ဖန္တီးရမွာပါ။ မီးေခ်ာင္းေတြ မထြန္းထားဘဲ ညအိပ္တဲ့အခါမွာ ထြန္းတဲ့ မီးလံုးေလးေတြသာ ထြန္းထားပါ။

စိတ္ပိုင္းဆိုင္ရာ
ႏွစ္ေယာက္စလံုး စိတ္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေပါ့ေပါ့ပါးပါး ထားပါ။ ဒါမွ မဂၤလာဦးညကို အဆင္ေျပေျပ ျဖတ္သန္းႏိုင္မွာပါ။ ရွက္စိတ္ေတြ ေလွ်ာ့ထားပါ။ ခ်စ္ခင္ၾကင္နာ ယုယေပးဖို႔ လံုးဝ မေမ့ပါနဲ႔။

စံုတြဲေလးတို႔ေရ မဂၤလာဦးညအတြက္ ျပင္ဆင္သင့္တဲ့ အခ်က္(၆) ခ်က္ကို သိထားၿပီးၿပီဆိုရင္ ႀကိဳတင္ျပင္ဆင္ထားေနာ္။ မဂၤလာဦးညေလးကို အေကာင္းဆံုးနဲ႔ အမွတ္တရေလးေတြ ဖန္တီးႏုိင္ပါေစ။

CREDIT _ MARRY

Unicode

မင်္ဂလာဦးညလေးဆိုတာ နှစ်ယောက်တည်းသာ သိတဲ့ ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ဘယ်အချိန်ပြန်တွေးတွေး ယုယကြင်နာမှုတွေ ပြည့်နှက်နေတဲ့ အချိန်ကာလလေး တစ်ခုပါပဲ။

မင်္ဂလာဦးညလေးဆိုတာ ချစ်သူနှစ်ယောက်ဘဝကနေ အကြင်လင်မယားအဖြစ် တက်လှမ်းခြင်းပါပဲ။ နှစ်ယောက်တစ်ဘဝဖြစ်တည်ခြင်းရဲ့ အမှတ်တရ ညလေးတစ်ညပါ။ မင်္ဂလာဦးညလေးဆိုတာ နှစ်ယောက်တည်းသာ သိတဲ့ ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ဘယ်အချိန်ပြန်တွေးတွေး ယုယကြင်နာမှုတွေ ပြည့်နှက်နေတဲ့ အချိန်ကာလလေး တစ်ခုပါပဲ။

မွှေးကြိုင်လန်းဆန်းတဲ့ ခန္ဓာကိုယ်
နှစ်ဦးစလုံး နေ့ခင်းဘက်မှာ မင်္ဂလာပွဲနဲ့ ပင်ပန်းထားတော့ ညဘက်မှာ အေးချမ်းပြီး လန်းဆန်းတက်ကြွတက်ဖို့ဆိုရင် မွှေးကြိုင်လန်းဆန်းတဲ့ ရနံ့လေးတွေ ရဖို့လိုပါတယ်။ ဒီတော့ လင်မယားနှစ်ဦးစလုံး ခန္ဓာကိုယ် လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ရေအေးအေးလေးချိုးပြီး Lotion ဒါမှမဟုတ် ရေမွှေးသုံးပါ။ မွှေးကြိုင်လန်းဆန်းတဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ထားဖို့ ပြင်ဆင်ထားရပါမယ်နော်။

ညအိပ်အကျႌ
ပူပူနွေးနွေး ဇနီးတို့ရေ မင်္ဂလာဦးညဟာ အမှတ်တရ အဖြစ်ဆုံးညလေး တစ်ညဖြစ်တာကြောင့် ကိုယ့်ခင်ပွန်းရဲ့ အမြင်အာရုံကို ဖမ်းစားဖို့ လိုတယ်မလား၊ ဒီတော့ ညအိပ်အကျႌ လှလှလေး ရွေးချယ်ပြီး ဝတ်ပါ။ အသားအရောင်နဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုး ရှာဝယ်ဖို့ မမေ့ပါနဲ့နော်။

ဝိုင်တခွက်
မင်္ဂလာဦးညလေးကို ဖြတ်သန်းဖို့ ဝိုင်တခွက်လောက်တော့ ကြိုတင်ပြင်ဆင်ထားပါ။ ဝိုင်တခွက်လောက်နဲ့ရဲဆေးတင်တယ်ဆိုလည်း မမှားဘူးလေနော်။ ရီဝေဝေလေး ဖြစ်ဖို့တော့ လိုတာမို့ ဝိုင်လေးနဲ့ အသီးအနှံလေးတွေ ဝယ်ပြီး ပြင်ဆင်ထားမယ်ဆိုရင် Romantic မင်္ဂလာဦးညလေးကို ပိုင်ဆိုင်ရမှာပါ။

ပတ်ဝန်းကျင်
မင်္ဂလာဦးညလေးဆို လင်မယားနှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းဖို့ လိုပါတယ်။ ပတ်ဝန်းကျင်မှာ စကားဆူညံတာတွေ ဒါမှမဟုတ် သီချင်းသံတွေ ဆူညံတာတွေ မရှိစေဖို့ ကြိုတင်ပြင်ဆင်ထားရပါမယ်။ ဖုန်းအသံတွေကြောင့် အနှောင့်အယှက် မဖြစ်အောင် ဖုန်းပိတ်ထားပါ။

အခန်းအလင်း
အခန်းအလင်းအမှောင်တွေကလည်း မင်္ဂလာဦးညအတွက် လိုအပ်တဲ့ အရာပါပဲနော်။ မှောင်တာမျိုး မဟုတ်ဘဲ အရမ်းကြီး လင်းတာမျိုး မဖြစ်စေဘဲ Romantic ဆန်တဲ့ မင်္ဂလာဦးညလေး ဖြစ်အောင် ဖန်တီးရမှာပါ။ မီးချောင်းတွေ မထွန်းထားဘဲ ညအိပ်တဲ့အခါမှာ ထွန်းတဲ့ မီးလုံးလေးတွေသာ ထွန်းထားပါ။

စိတ်ပိုင်းဆိုင်ရာ
နှစ်ယောက်စလုံး စိတ်ကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ထားပါ။ ဒါမှ မင်္ဂလာဦးညကို အဆင်ပြေပြေ ဖြတ်သန်းနိုင်မှာပါ။ ရှက်စိတ်တွေ လျှော့ထားပါ။ ချစ်ခင်ကြင်နာ ယုယပေးဖို့ လုံးဝ မမေ့ပါနဲ့။

စုံတွဲလေးတို့ရေ မင်္ဂလာဦးညအတွက် ပြင်ဆင်သင့်တဲ့ အချက်(၆) ချက်ကို သိထားပြီးပြီဆိုရင် ကြိုတင်ပြင်ဆင်ထားနော်။ မင်္ဂလာဦးညလေးကို အကောင်းဆုံးနဲ့ အမှတ်တရလေးတွေ ဖန်တီးနိုင်ပါစေ။

CREDIT _ MARRY