BREAKINNEWS ဒါရိုက္တာ မင္းထင္ကိုကိုႀကီးကို ဖမ္းဆီး အင္းစိန္ေထာင္ပို႔

BREAKINNEWS ဒါရိုက္တာ မင္းထင္ကိုကိုႀကီးကို ဖမ္းဆီး အင္းစိန္ေထာင္ပို႔
အင္းစိန္ၿမိဳ႕နယ္ တရားရံုးမွာ ပုဒ္မ ၅၀၅(က) နဲ႔ တရားစြဲခံထားရတဲ့ ဒါရိုက္တာ မင္းထင္ကိုကိုႀကီးကို ဒီကေန႔ ဧၿပီ ၁၂ ရက္၊ ရံုးခ်ိန္းမွာ တရားသူႀကီးက အာမခံ မေပးတဲ့အတြက္ အင္းစိန္ အက်ဥ္းေထာင္ဆီ ဖမ္းဆီး ေခၚေဆာင္သြားၿပီျဖစ္ပါတယ္။

လူ႕အခြင့္အေရးနဲ႔ လူ႕ဂုဏ္သိကၡာ ရုပ္ရွင္ပြဲေတာ္ကို ပူးတြဲ တည္ေထာင္သူ ဒါရိုက္တာ မင္းထင္ကိုကိုႀကီးကို ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕နယ္ ရဲစခန္းမွာ တပ္မေတာ္က ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၆(ဃ) နဲ႔ အမႈဖြင့္ထားၿပီး ဧၿပီလ ၂ ရက္ေန႔က အာမခံေပးထားပါတယ္။

ပုဒ္မ ၅၀၅(က) နဲ႔ အင္းစိန္ၿမိဳ႕နယ္ တရားရုံးမွာ တရားစြဲတဲ့ အမႈကိုေတာ့ အာမခံ မေပးတဲ့အတြက္ ခုလို ဖမ္းဆီးၿပီး အင္းစိန္အက်ဥ္းေထာင္ကို ေခၚေဆာင္သြားျခင္း ခံရတာပါ။

မင္းထင္ကိုကိုႀကီးဟာ သူရဲ႕ ko ko gyi ေဖ့ဘြတ္ခ္ လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့တာေတြအတြက္ တပ္မေတာ္က ပုဒ္မ ၂ ခုနဲ႔ ခုလို ရားစြဲခဲ့တာပါ။

ဒီလို တရားစြဲခံရတာနဲ႔ ပတ္သက္ၿပီး မင္းထင္ကိုကိုၾကီးက “ အမႈဖြင့္ခံထားရတာကို သိတဲ့ အဲဒီအခ်ိန္ကစလို႔ ကၽြန္ေတာ့္ေရးထားခဲ့သမွ်ေသာ ဘယ္ post ကိုမွ ျပင္ဆင္ edit လုပ္ျခင္း၊ only me လုပ္ျခင္း၊ ဖ်က္ပစ္ျခင္း၊ စတာေတြ တစ္ခုမွ မလုပ္ပါဘူး။

ကၽြန္ေတာ္က post ေရးၿပီးရင္ သတ္ပံုေတြ၊ ေရးထံုးေတြ ျပန္ျပန္ျပင္တတ္ေလ့ရွိပါတယ္။ ဒါေပမဲ့ ဒီ post ေတြေၾကာင့္ တရားစြဲဆိုခံရတယ္ သိလိုက္ရတဲ့ အခ်ိန္ကစၿပီး လံုးဝမထိ မတို႔ေတာ့ပါဘူး။” လို႔ ဆိုထားပါတယ္။

လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပတာေတြနဲ႔ ပတ္သက္ၿပီး မင္းထင္ကိုကိုႀကီးကို ရန္ကုန္တပ္နယ္မွဴး ဗိုလ္မွဴးႀကီးလင္းထြန္းက ပုဒ္မ ၅၀၅ (က)၊ ပုဒ္မ ၆၆(ဃ) နဲ႔ အမႈဖြင့္ထားတာ ျဖစ္ပါတယ္။သတင္း – သီဟစုိးလြင္Photo – Ko Ko Gyi (FB) One News Myanmar

Credit tawthu

Unicode

အင်းစိန်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဒီကနေ့ ဧပြီ ၁၂ ရက်၊ ရုံးချိန်းမှာ တရားသူကြီးက အာမခံ မပေးတဲ့အတွက် အင်းစိန် အကျဉ်းထောင်ဆီ ဖမ်းဆီး ခေါ်ဆောင်သွားပြီဖြစ်ပါတယ်။

လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ပူးတွဲ တည်ထောင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရဲစခန်းမှာ တပ်မတော်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားပြီး ဧပြီလ ၂ ရက်နေ့က အာမခံပေးထားပါတယ်။

ပုဒ်မ ၅၀၅(က) နဲ့ အင်းစိန်မြို့နယ် တရားရုံးမှာ တရားစွဲတဲ့ အမှုကိုတော့ အာမခံ မပေးတဲ့အတွက် ခုလို ဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်ကို ခေါ်ဆောင်သွားခြင်း ခံရတာပါ။

မင်းထင်ကိုကိုကြီးဟာ သူရဲ့ ko ko gyi ဖေ့ဘွတ်ခ် လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာတွေအတွက် တပ်မတော်က ပုဒ်မ ၂ ခုနဲ့ ခုလို ရားစွဲခဲ့တာပါ။

ဒီလို တရားစွဲခံရတာနဲ့ ပတ်သက်ပြီး မင်းထင်ကိုကိုကြီးက “ အမှုဖွင့်ခံထားရတာကို သိတဲ့ အဲဒီအချိန်ကစလို့ ကျွန်တော့်ရေးထားခဲ့သမျှသော ဘယ် post ကိုမှ ပြင်ဆင် edit လုပ်ခြင်း၊ only me လုပ်ခြင်း၊ ဖျက်ပစ်ခြင်း၊ စတာတွေ တစ်ခုမှ မလုပ်ပါဘူး။

ကျွန်တော်က post ရေးပြီးရင် သတ်ပုံတွေ၊ ရေးထုံးတွေ ပြန်ပြန်ပြင်တတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီ post တွေကြောင့် တရားစွဲဆိုခံရတယ် သိလိုက်ရတဲ့ အချိန်ကစပြီး လုံးဝမထိ မတို့တော့ပါဘူး။” လို့ ဆိုထားပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြတာတွေနဲ့ ပတ်သက်ပြီး မင်းထင်ကိုကိုကြီးကို ရန်ကုန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းထွန်းက ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။သတင်း – သီဟစိုးလွင်Photo – Ko Ko Gyi (FB) One News Myanmar

Credit tawthu