ကျိုက်ထီးရိုး ဘုရားပေါ်မှာ နေရာအပိုင်ယူပြီး အရိပ်ခိုတဲ့သူတွေကို လူမိုက်စကားပြောတဲ့ သူတစ်ဦး

ကျိုက်ထီးရိုးဘုရားရဲ့တာဝန်ရှိသူများထိန်းသိမ်းပေးကျပါအုံးဗျာ..ကျွန်တော် ကိုယ်တိုင်ကြုံတာပါ..ကျိုက်ထီးရိုးဘုရားပေါ် ကားနဲ့တက်တယ်..OKi အားလုံးအဆင်ပြေတယ်.ဘုရားရင်ပြင်ရောက်တယ်..

ဘုရားရင်ပြင်ရောက်တော့နေကလဲပူတယ်ဗျာ..ပုံတွေမှာမြင်တဲ့အတိုင်း ရှိတဲ့ အရိပ်ကလေး ကပ်နေကျရတာ…. ကျွန်တော်တို့ လင်မယားလဲ နေပူရိပ်ကိုရှာရင်းနဲ့.နတ်တောင်နားရောက်သွားတယ်..

အံမယ် …ပြသနာအဲ့မှာစတာဗျ..နတ်တောင်အရိပ်ရှိတဲ့နေရာက ဘုရားဖူးဖို့ မှန်ပြောင်း ၅ခု .. တစ်ခါကြည့် ၂၀၀ ပါတဲ့… ကျွန်တော်တို့မလဲ နေစရာမရှိတော့ အဲ့အရိပ်ကို ကပ်နားရတာပေါ့ဗျာ..

အဲ့ဒါကိုဗျာ ပုံထဲမှာပါတဲ့ မျက်မှန်နဲ့ ဘဲက ဟိုဘက်သွားထိုင်ကျ..ဆိုပြီး သူထိုင်နဲ့နေရာ (or) ကျွန်တော်တို့လင်မယား ထိုင်တဲ့နေရာကို သူ့ခုံကြီးအတင်းချထိုင်တော့တာပဲ….

ကျွန်တော်မိန်းမ ပုခုံးလဲ သူထိုင်ခုံနဲ့ထိုင်သလိုနဲ့ တက်ဖိတယ်..ကျွန်တော်လဲ ဦးလေး ဟိုဘက်နေစရာမရှိ…ပြောတော့ မင်းတို့က ..ဘာ သားတွေလဲ..ဘာကောင်တွေမို့လို့.. လူကညစ်နေတာ. .တစ်ခါထဲပြသနာတက်သွားပြီး အိမ်ပြန် မရောက်ဖြစ်သွားမယ်… ဆိုပြီးလူမိုက်စကားပြောတယ်ဗျာ…

ပြီးတော့ကျွန်တော်မိန်းမက ပုခုံးဖိမိလို့ပြောတာကို…စောစောထဲကဒီနားလာမနေရမှာတဲ့ဗျာာာာာ…နတ်တောင်ခြေရင်းက သူတို့အပိုင်ဝယ်ထားသလိုလို….လူတိုင်းနီးပါးကိုသူတို့မောင်းထုတ်နေတာပါ…မှန်ပြောင်းနားအရိပ်ရှိရာ သူတို့ခုံချထိုင်ပြီး အော်ခေါ်နေတာ ကြည့်မယ့်လူကို..

ဒါပေမယ့်ဗျာ… ဘုရားကသူတို့အပိုင်လားးး????? လူတိုင်းနီးပါးမောင်းထုတ်တာ လူငယ်ချင်းဆို ထထိုးမိမှာ သေချာတယ် ဗျာာာ..လူကြည့်တော့သေခါနီးနေပြီ….ဒါပေမယ့် ကျွန်တော်တို့ရဲလဲ မတိုင်ရဲဖူးဗျ..မှန်ပြောင်းနေရာနဲ့ လုံခြုံရေးရှိတဲ့နေရာ.. မဝေးပါဘူးးး သူတို့ဘာမှ မပြောလို့ အဲ့ဒိမှန်ပြောင်းသမားတွေ လူမိုက်လုပ်နေတာပေါ့ဗျာ….

ဒီလို ကိစ္စတွေဆိုတာမရှိသင့်တော့ပါဘူးးးး. ပြောင်းလဲချိန်တန်ပါပြီ….. ကျွန်တော်ပြောတာမယုံဘူးဆိုရင် အဲ့ဒိနား သွားထိုင်ကြည့်ကြပါ..ခွေးမောင်းသလိုမောင်းထုတ်ခံရပါလိမ့်မယ်ဗျာာာ.

ဒီကိစ္စကို ဘုရားဂေါပကလူကြီးများထိန်းသိမ်းပေးကျပါအုံးလို့… အကြံပြုရင်း တင်ပြလိုက်ရပါတယ်…

ပူးတွဲပါပုံများမှာ…..

(၁) ရင်ပြင်တော်လူကြည့်နေပုံ..

(၂) နတ်တောင်ခြေရင်းနေရိပ်လေး လူတွေကပ်နေရပုံ

(၃) ထိုင်ခုံမှာမျက်မှန်နဲ့ လူပုံကတော့ လာသမျှလူမောင်းထုတ်တဲ့လူပုံပါဗျာာာ…

Credit – ရဲရင့် ထွန်း