ထုိင္း သၾကၤန္ ၂ ရက္အတြင္း လူ ၁ဝဝ ေက်ာ္ ေသဆုံးခဲ့ၿပီး ၊ ဒဏ္ရာရသူ ၁၀၀၀ ေက်ာ္ အထိရွိလာ

ထုိင္းျပည္ထဲေရးဌာနက သၾကၤန္ခရီးသြားကာလ စတင္ခဲ့တဲ့ ၾကာသပေတးနဲ႔ ေသာၾကာ ၂ ရက္အတြင္း ယာဥ္တုိက္ခုိက္မႈ တစ္ေထာင္နီးပါးျဖစ္ခဲ့ၿပီး ေသဆုံးသူ ၁ဝဝ ေက်ာ္ၿပီလုိ႔ မေန႔က ေၾကညာပါတယ္။ ဒဏ္ရာရသူက တစ္ေထာင္ေက်ာ္ပါတယ္။

ဧၿပီ ၁၁ ကစတင္တဲ့ တစ္ပတ္ၾကာ သၾကၤန္ကာလကုိ ထုိင္းႏုိင္ငံမွာ အႏၱရာယ္မ်ားတဲ့ ၇ ရက္လုိ႔ ေခၚေဝၚၾကပါတယ္။ ျပည္သူလူထု သန္းေပါင္းမ်ားစြာ ကားႀကီး ကားငယ္ေတြ ဆုိင္ကယ္ေတြနဲ႔ မိမိတုိ႔ ဇာတိေဒသေတြကုိ ျပည္လည္သြားေရာက္လည္ပတ္တဲ့ ပိတ္ရက္ရွည္ျဖစ္ၿပီး ယာဥ္မေတာ္တဆမႈ အမ်ားဆုံး ကာလလည္း ျဖစ္ပါတယ္။

ထုိင္းအစုိးရက အရက္ေသစာ ေသာက္စားထားတဲ့ ယာဥ္ေမာင္းသူေတြကုိ ယာဥ္တုိက္ခုိက္မႈေၾကာင့္ လူေသလွ်င္ ၾကဳိတင္ၾကံစည္သတ္ျဖတ္မႈနဲ႔ တရားစြဲမယ္လုိ႔ ေၾကညာထားပါတယ္။ ဘန္ေကာက္ျမဳိ႕မွာ ၾကာသပေတးေန႔ညက ျဖစ္ပြါးတဲ့ ယာဥ္တုိက္မႈမွာ လူေသဆုံးခဲ့ၿပီးေနာက္ အရက္မူးေနတဲ့ အသက္ ၅၇ ႏွစ္ရွိ ယာဥ္ေမာင္းသူကုိ အဲဒီ ပုဒ္မနဲ႔ သက္ဆုိင္ရာက အမႈဖြင့္လုိက္ပါတယ္။ ဒီ ပုဒ္မ အရ ေသဒဏ္အထိ ခ်မွတ္ႏုိင္ပါတယ္။

ျမန္မာနဲ႔ လာအုိႏုိင္ငံေတြနည္းတူ ထုိင္းႏုိင္ငံမွာ ဆြန္ခရမ္လုိ႔ ေခၚတဲ့ သၾကၤန္ပြဲေတာ္ကုိ စေနေန႔ မေန႔က စတင္ဆင္ႏြဲခဲ့ၾကရာမွာ ဘုရားေစတီေတြကုိ သြားေရာက္ပူေဇာ္ျခင္း၊ သက္ႀကီးရြယ္အုိေတြကုိ ကန္ေတာ့ျခင္း၊ ေရပက္ျခင္း စတာေတြနဲ႔ စည္ကားေနပါတယ္။ ထုိင္း သၾကၤန္မွာ ႏုိင္ငံျခားသားေတြပါ ဝင္ေရာက္ဆင္ႏြဲေနၾကၿပီး ကုိယ္လုံးတီး သုိ႔ လွ်ပ္ေပၚေလာ္လီတဲ့ အဝတ္အစားေတြ ဝတ္စားဆင္ယင္ျခင္း မျပဳၾကဖုိ႔ အာဏာပုိင္ေတြက သတိေပးထားပါတယ္။

CREDIT_RFA

Unicode

ထိုင်းပြည်ထဲရေးဌာနက သင်္ကြန်ခရီးသွားကာလ စတင်ခဲ့တဲ့ ကြာသပတေးနဲ့ သောကြာ ၂ ရက်အတွင်း ယာဉ်တိုက်ခိုက်မှု တစ်ထောင်နီးပါးဖြစ်ခဲ့ပြီး သေဆုံးသူ ၁ဝဝ ကျော်ပြီလို့ မနေ့က ကြေညာပါတယ်။ ဒဏ်ရာရသူက တစ်ထောင်ကျော်ပါတယ်။

ဧပြီ ၁၁ ကစတင်တဲ့ တစ်ပတ်ကြာ သင်္ကြန်ကာလကို ထိုင်းနိုင်ငံမှာ အန္တရာယ်များတဲ့ ရ ရက်လို့ ခေါ်ဝေါ်ကြပါတယ်။ ပြည်သူလူထု သန်းပေါင်းများစွာ ကားကြီး ကားငယ်တွေ ဆိုင်ကယ်တွေနဲ့ မိမိတို့ ဇာတိဒေသတွေကို ပြည်လည်သွားရောက်လည်ပတ်တဲ့ ပိတ်ရက်ရှည်ဖြစ်ပြီး ယာဉ်မတော်တဆမှု အများဆုံး ကာလလည်း ဖြစ်ပါတယ်။

ထိုင်းအစိုးရက အရက်သေစာ သောက်စားထားတဲ့ ယာဉ်မောင်းသူတွေကို ယာဉ်တိုက်ခိုက်မှုကြောင့် လူသေလျှင် ကြိုတင်ကြံစည်သတ်ဖြတ်မှုနဲ့ တရားစွဲမယ်လို့ ကြေညာထားပါတယ်။ ဘန်ကောက်မြို့မှာ ကြာသပတေးနေ့ညက ဖြစ်ပွါးတဲ့ ယာဉ်တိုက်မှုမှာ လူသေဆုံးခဲ့ပြီးနောက် အရက်မူးနေတဲ့ အသက် ၅၇ နှစ်ရှိ ယာဉ်မောင်းသူကို အဲဒီ ပုဒ်မနဲ့ သက်ဆိုင်ရာက အမှုဖွင့်လိုက်ပါတယ်။ ဒီ ပုဒ်မ အရ သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။

မြန်မာနဲ့ လာအိုနိုင်ငံတွေနည်းတူ ထိုင်းနိုင်ငံမှာ ဆွန်ခရမ်လို့ ခေါ်တဲ့ သင်္ကြန်ပွဲတော်ကို စနေနေ့ မနေ့က စတင်ဆင်နွဲခဲ့ကြရာမှာ ဘုရားစေတီတွေကို သွားရောက်ပူဇော်ခြင်း၊ သက်ကြီးရွယ်အိုတွေကို ကန်တော့ခြင်း၊ ရေပက်ခြင်း စတာတွေနဲ့ စည်ကားနေပါတယ်။ ထိုင်း သင်္ကြန်မှာ နိုင်ငံခြားသားတွေပါ ဝင်ရောက်ဆင်နွဲနေကြပြီး ကိုယ်လုံးတီး သို့ လျှပ်ပေါ်လော်လီတဲ့ အဝတ်အစားတွေ ဝတ်စားဆင်ယင်ခြင်း မပြုကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

CREDIT_RFA