ဂ်ပန္ေတြ ဘာေၾကာင့္ အသက္ၾကီးတဲ့အထိ အလုပ္လုပ္ၾကသလဲ? … အရမ္းေကာင္းလြန္းတဲ့အတြက္ ဒီ post ေက်ာ္မသြားေစ့ခ်င့္ပါဘူး….

မနက္ မနက္ အလုပ္သြားတိုင္း၊ သုတ္သုတ္၊ သုတ္သုတ္နဲ႔ လမ္းျမန္ျမန္ေလွ်ာက္ၿပီး ကိုယ့္ကိုေက်ာ္တက္သြားတဲ့ ဂ်ပန္ေတြကိုုျမင္တိုင္း အၿမဲတမ္းစိတ္ထဲမွာ ေတြးမိတာတစ္ခုကေတာ့ “ဂ်ပန္ေတြ အလုပ္ကို ေတာ္ေတာ္ခ်စ္ၾကပါလားလို႔…”

ကိုယ္က အိပ္ခ်င္မူးတူးနဲ႔ အလုပ္မသြားခ်င္သြားခ်င္နဲ႔ အလုပ္ကို ဦးတည္ေနတဲ့အခ်ိန္မွာ၊ သူတို႔ကေတာ့ ဘာျဖစ္လို႔တက္တက္ႂကြႂကြနဲ႔ အလုပ္ဆီ ဦးတည္ေနၾကသလဲဆိုတာ ကၽြန္ေတာ္ စဥ္စားလို႔မရခဲ့ပါဘူး။

မေန႔က အလုပ္ကလူႀကီးတစ္ေယာက္ အသက္၆ဝျပည့္လို႔ ပင္စင္ယူတယ္။အလုပ္ကလူေတြေပါင္းၿပီး အဲ့ဒီလူႀကီးအတြက္ ႏႈတ္ဆက္ပြဲေလးတစ္ပြဲ လုပ္ျဖစ္ခဲ့တယ္။ပင္စင္ယူမယ့္လူႀကီးက သူ.. ဒီကုမၸဏီမွာ အႏွစ္၄၀တိတိ အလုပ္လုပ္ခဲ့တယ္လို႔ေျပာပါတယ္။
ကၽြန္ေတာ့စိတ္ထဲမွာေတာ့ ဂ်ပန္ေတြ ေတာ္ေတာ္အလုပ္လုပ္ႏိုင္တာပဲလို႔ စဥ္းစားေနမိတယ္။
ဘာျဖစ္လို႔လဲဆိုေတာ့… ကိုယ္ဂ်ပန္မွာ အလုပ္လုပ္တာ ၁၀ႏွစ္ မျပည့္တျပည့္ေတာင္မွ၊ ေတာ္ေတာ္ သည္းခံၿပီး ႀကိဳးစားေနရတယ္။အႏွစ္၄၀ဆို ဘယ္လြယ္ပါ့မလဲေပါ့…

ကၽြန္ေတာ့ေဘးနားက ဆံပင္ျဖဴျဖဴနဲ႔ ဂ်ပန္ႀကီးက ကၽြန္ေတာ့ကို…..
“ငါ့အသက္က ၆၄ႏွစ္”
“မင္းအသက္ကဘယ္ေလာက္လဲ?.. မင္းဘယ္ႏိုင္ငံကလဲ?..အလုပ္လုပ္တာ ဘယ္ေလာက္ၾကာၿပီလဲ..?” စသည္ျဖင့္ေမးခြန္းေတြေမးၿပီး မိတ္ဆက္လာတယ္။
သူနဲ႔ကၽြန္ေတာ္ စကားေတြ အျပန္အလွန္ေျပာေနရင္းနဲ႔ သူ႔အေၾကာင္းေတြ ေတာ္ေတာ္မ်ားမ်ား ေမးျဖစ္ခဲ့တယ္။
သူလည္း ဒီကုမၸဏီမွာ ၄၃ႏွစ္တိတိ အလုပ္လုပ္ခဲ့ၿပီး၊ မႏွစ္ကမွ ဒီကုမၸဏီကို ပင္စင္ယူခဲ့တယ္လို႔ေျပာပါတယ္။

ကၽြန္ေတာ္က “မင္းတို႔လူမ်ိဳးေတြ အလုပ္ေတာ္ေတာ္လုပ္ႏိုင္တာပဲေနာ္လို႔ေျပာေတာ့”
အဘိုးႀကီးက ရယ္ေနၿပီး “ငါမႏွစ္က ဒီကုမၸဏီမွာ ပင္စင္ယူၿပီး အခုတစ္ျခားတစ္ေနရာမွာ အလုပ္ဆက္လုပ္ေနတယ္တဲ့။ဘိုးဘြားရိပ္သာေတြမွာ အသက္၈၀ေက်ာ္တဲ့ အဘိုးအဘြားေတြကို ဂီတာတီးၿပီးလိုက္ေဖ်ာ္ေျဖတဲ့အလုပ္တဲ့..”

သူ႔စကားကိုၾကားေတာ့ ကၽြန္ေတာ္လည္း ပိုအံ့ၾသသြားတယ္။
“မင္း.. လတိုင္းလတိုင္း ပင္စင္ ၁၅သိန္း၊ သိန္း၂၀ေလာက္ရေနတာပဲ၊ အလုပ္လုပ္စရာလိုေသးလို႔လားလို႔ေမးေတာ့..” ဂ်ပန္အဖိုးႀကီးက ဒီလိုျပန္ေျပာပါတယ္…
“အလုပ္ဆိုတာ…. ဝင္ေငြရဖို႔တစ္ခုတည္းအတြက္ လုပ္ရတာ မဟုတ္ပါဘူးတဲ့။
အလုပ္လုပ္ႏိုင္တဲ့အခ်ိန္မွာ ကိုယ္ေနထိုင္ေနတဲ့ ေလာကႀကီးအတြက္နဲ႔၊ အမ်ားအက်ိဳးအတြက္၊ ကိုယ္တတ္တဲ့အရာ၊ ကိုယ္လုပ္ႏိုင္တဲ့အရာကို လုပ္ေပးရတာပါတဲ့…”

အဲ့ဒီလို စကားေျပာေနၾကတဲ့ အခ်ိန္မွာပဲ၊ ပင္စင္ယူမယ့္ ဂ်ပန္ႀကီးရဲ႕ ေက်းဇူးတင္ေၾကာင္း ႏႈတ္ဆက္စကားက မိုက္ကေနတဆင့္ ကၽြန္ေတာ့္နားထဲကိုဝင္လာပါတယ္။ “ပင္စင္ယူၿပီးတဲ့အခါ၊ မိမိဝါသနာပါတဲ့ စားေသာက္ဆိုင္ အလုပ္ကိုဆက္လုပ္ရင္း “ဒုတိယဘဝ” ကို စတင္မယ္..”ဆိုတဲ့အေၾကာင္းကို ၾကားလိုက္ရေတာ့….

ဂ်ပန္ေတြဘာေၾကာင့္ အလုပ္ကိုခ်စ္ၾကတာလဲ…!
ဘာေၾကာင့္ အသက္ႀကီးတဲ့အထိ အလုပ္လုုပ္ၾကတာလဲ..!ဆိုတဲ့ အေျဖကို ကၽြန္ေတာ္ရရွိလိုက္ပါတယ္။
အလုပ္ဆက္ႀကိဳးစားဖို႔ ခြန္အားေတြလည္း ကၽြန္ေတာ္ ရရွိလိုက္ပါတယ္။

သင္လည္း အလုပ္ေတြအရမ္းပင္ပန္းၿပီး၊ အလုပ္ဆက္မလုပ္ခ်င္ေတာ့ဘူးလို႔ စဥ္းစားမိတဲ့အခါတိုင္း….
ဂ်ပန္က အဖိုးႀကီးေတြကို အတုယူၿပီး၊ ခြန္အားေတြရယူလိုက္ပါ။

မူရင္း- အကီ ။ ။

မနက် မနက် အလုပ်သွားတိုင်း၊ သုတ်သုတ်၊ သုတ်သုတ်နဲ့ လမ်းမြန်မြန်လျှောက်ပြီး ကိုယ့်ကိုကျော်တက်သွားတဲ့ ဂျပန်တွေကိုုမြင်တိုင်း အမြဲတမ်းစိတ်ထဲမှာ တွေးမိတာတစ်ခုကတော့ “ဂျပန်တွေ အလုပ်ကို တော်တော်ချစ်ကြပါလားလို့…”

ကိုယ်က အိပ်ချင်မူးတူးနဲ့ အလုပ်မသွားချင်သွားချင်နဲ့ အလုပ်ကို ဦးတည်နေတဲ့အချိန်မှာ၊ သူတို့ကတော့ ဘာဖြစ်လို့တက်တက်ကြွကြွနဲ့ အလုပ်ဆီ ဦးတည်နေကြသလဲဆိုတာ ကျွန်တော် စဉ်စားလို့မရခဲ့ပါဘူး။

မနေ့က အလုပ်ကလူကြီးတစ်ယောက် အသက်၆ဝပြည့်လို့ ပင်စင်ယူတယ်။အလုပ်ကလူတွေပေါင်းပြီး အဲ့ဒီလူကြီးအတွက် နှုတ်ဆက်ပွဲလေးတစ်ပွဲ လုပ်ဖြစ်ခဲ့တယ်။ပင်စင်ယူမယ့်လူကြီးက သူ.. ဒီကုမ္ပဏီမှာ အနှစ်၄၀တိတိ အလုပ်လုပ်ခဲ့တယ်လို့ပြောပါတယ်။
ကျွန်တော့စိတ်ထဲမှာတော့ ဂျပန်တွေ တော်တော်အလုပ်လုပ်နိုင်တာပဲလို့ စဉ်းစားနေမိတယ်။
ဘာဖြစ်လို့လဲဆိုတော့… ကိုယ်ဂျပန်မှာ အလုပ်လုပ်တာ ၁၀နှစ် မပြည့်တပြည့်တောင်မှ၊ တော်တော် သည်းခံပြီး ကြိုးစားနေရတယ်။အနှစ်၄၀ဆို ဘယ်လွယ်ပါ့မလဲပေါ့…

ကျွန်တော့ဘေးနားက ဆံပင်ဖြူဖြူနဲ့ ဂျပန်ကြီးက ကျွန်တော့ကို…..
“ငါ့အသက်က ၆၄နှစ်”
“မင်းအသက်ကဘယ်လောက်လဲ?.. မင်းဘယ်နိုင်ငံကလဲ?..အလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ..?” စသည်ဖြင့်မေးခွန်းတွေမေးပြီး မိတ်ဆက်လာတယ်။
သူနဲ့ကျွန်တော် စကားတွေ အပြန်အလှန်ပြောနေရင်းနဲ့ သူ့အကြောင်းတွေ တော်တော်များများ မေးဖြစ်ခဲ့တယ်။
သူလည်း ဒီကုမ္ပဏီမှာ ၄၃နှစ်တိတိ အလုပ်လုပ်ခဲ့ပြီး၊ မနှစ်ကမှ ဒီကုမ္ပဏီကို ပင်စင်ယူခဲ့တယ်လို့ပြောပါတယ်။

ကျွန်တော်က “မင်းတို့လူမျိုးတွေ အလုပ်တော်တော်လုပ်နိုင်တာပဲနော်လို့ပြောတော့”
အဘိုးကြီးက ရယ်နေပြီး “ငါမနှစ်က ဒီကုမ္ပဏီမှာ ပင်စင်ယူပြီး အခုတစ်ခြားတစ်နေရာမှာ အလုပ်ဆက်လုပ်နေတယ်တဲ့။ဘိုးဘွားရိပ်သာတွေမှာ အသက်၈၀ကျော်တဲ့ အဘိုးအဘွားတွေကို ဂီတာတီးပြီးလိုက်ဖျော်ဖြေတဲ့အလုပ်တဲ့..”

သူ့စကားကိုကြားတော့ ကျွန်တော်လည်း ပိုအံ့သြသွားတယ်။
“မင်း.. လတိုင်းလတိုင်း ပင်စင် ၁၅သိန်း၊ သိန်း၂၀လောက်ရနေတာပဲ၊ အလုပ်လုပ်စရာလိုသေးလို့လားလို့မေးတော့..” ဂျပန်အဖိုးကြီးက ဒီလိုပြန်ပြောပါတယ်…
“အလုပ်ဆိုတာ…. ဝင်ငွေရဖို့တစ်ခုတည်းအတွက် လုပ်ရတာ မဟုတ်ပါဘူးတဲ့။
အလုပ်လုပ်နိုင်တဲ့အချိန်မှာ ကိုယ်နေထိုင်နေတဲ့ လောကကြီးအတွက်နဲ့၊ အများအကျိုးအတွက်၊ ကိုယ်တတ်တဲ့အရာ၊ ကိုယ်လုပ်နိုင်တဲ့အရာကို လုပ်ပေးရတာပါတဲ့…”

အဲ့ဒီလို စကားပြောနေကြတဲ့ အချိန်မှာပဲ၊ ပင်စင်ယူမယ့် ဂျပန်ကြီးရဲ့ ကျေးဇူးတင်ကြောင်း နှုတ်ဆက်စကားက မိုက်ကနေတဆင့် ကျွန်တော့်နားထဲကိုဝင်လာပါတယ်။ “ပင်စင်ယူပြီးတဲ့အခါ၊ မိမိဝါသနာပါတဲ့ စားသောက်ဆိုင် အလုပ်ကိုဆက်လုပ်ရင်း “ဒုတိယဘဝ” ကို စတင်မယ်..”ဆိုတဲ့အကြောင်းကို ကြားလိုက်ရတော့….

ဂျပန်တွေဘာကြောင့် အလုပ်ကိုချစ်ကြတာလဲ…!
ဘာကြောင့် အသက်ကြီးတဲ့အထိ အလုပ်လုုပ်ကြတာလဲ..!ဆိုတဲ့ အဖြေကို ကျွန်တော်ရရှိလိုက်ပါတယ်။
အလုပ်ဆက်ကြိုးစားဖို့ ခွန်အားတွေလည်း ကျွန်တော် ရရှိလိုက်ပါတယ်။

သင်လည်း အလုပ်တွေအရမ်းပင်ပန်းပြီး၊ အလုပ်ဆက်မလုပ်ချင်တော့ဘူးလို့ စဉ်းစားမိတဲ့အခါတိုင်း….
ဂျပန်က အဖိုးကြီးတွေကို အတုယူပြီး၊ ခွန်အားတွေရယူလိုက်ပါ။

မူရင်း- အကီ ။ ။