အိုင်စီစီ တရားစွဲမှုက ကင်းလွတ်ခွင့်ကို အမေရိကန်နည်းတူ အစ္စရေးလည်း ကင်းလွတ်ခွင့် ထိုက်တန်လို့ ထရမ့် ပြော

နိုင်ငံတကာ ရာဇဝတ်ခုံရုံး အိုင်စီစီ ရဲ့ တရားစွဲခြင်းကနေ ကင်းလွတ်ခွင့် ထိုက်သင့်တာဟာ အမေရိကန်နည်းတူ အစ္စရေးလည်း ထိုက်တန်ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလာပါတယ်။

အာဖဂန်နစ္စတန်က လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်အပေါ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုချက်တစ်ရပ်ကို အိုင်စီစီ က ပယ်ချလိုက်ပြီးနောက် သမ္မတ ထရမ့်ဟာ အောင်ပွဲအဖြစ် သောကြာနေ့မှာ ကြေညာချက် ထုတ်လိုက်တာပါ။

“အိုင်စီစီ စတင် ဖွဲ့စည်းလာကတည်းက အမေရိကန်ဟာ အဲဒီ ခုံရုံးနဲ့ ပူးပေါင်းဖို့ ဆက်တိုက်ငြင်းဆန်နေခဲ့တာ ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ အိုင်စီစီ မှာ တရားစီရင်ဆိုင်ခွင့် အာဏာမရှိဘူး။ နောက်ပြီး အမေရိကန်ရဲ့ အမျိုးသားအချုပ်အခြာကို ခြိမ်းခြောက်နေတာလည်း ဖြစ်တယ်။ အမေရိကန်၊ အစ္စရေးနဲ့ မဟာမိတ်တွေကို တရားစွဲဖို့ ဘယ်လိုပဲ ပစ်မှတ်ထားလာပါစေ၊ ဒီကျရင်တော့ တုံ့ပြန်တာကို မလွဲခံရမှာပဲ။”လို့ ထရမ့်က ဆိုပါတယ်။

ဒါဟာဆိုရင် အစ္စရေးကို ခုံရုံးက ထိလို့မရအောင် ထရမ့်အစိုးရဟာ မဟာမိတ်တွေကို အကာအကွယ်ပေးနေကြောင်း ဒုတိယအကြိမ် ပြောဆိုမှုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက အမေရိကန် ဒါမှမဟုတ် အစ္စရေးကို တရားစွဲတဲ့ အိုင်စီစီ တာဝန်ရှိသူတွေဟာ အမေရိကန်နိုင်ငံထဲ လာလို့ ရလိမ့်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အစ္စရေးတာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ ပါလက်စတိုင်းအာဏာပိုင်ရဲ့ မေတ္တာရပ်ခံချက်ကို အိုင်စီစီ က လက်ခံသင့်မသင့် စဉ်းစားနေချိန်လည်း ဖြစ်ပါတယ်။

Rf; Jewish News
Writer_မောင်သံဆင့် ( Daily Hot News )