မႏၱေလး သၾကၤန္ ေသဆုုံးသူ ၃ ဦးနဲ ့အေရးေပၚလူနာ ၁၄၅ ဦး ေဆးရုုံေရာက္ လာ

မႏၱေလး သၾကၤန္အႀကိဳေန႔မွာ ထိခိုက္ဒဏ္ရာနဲ႔ မႏၱေလး ျပည္သူ႔ေဆးရံုႀကီးကို ေရာက္ရွိလာတဲ့ လူနာ ၆၀ ေက်ာ္ရွိၿပီး ေသဆံုးသူ ၃ ဦးရွိခဲ့တယ္လို႔ ေဆးရံုႀကီးမွာ လူမႈကူညီေရးေဆာင္ရြက္ေပးေနတဲ့ အဖြဲ႔ေတြထံက သိရပါတယ္။

ခိုက္ရန္ျဖစ္ပြားတာ၊ ယာဥ္တိုက္မႈျဖစ္ပြားတာေတြေၾကာင့္ ထိခိုက္ဒဏ္ရာရလို႔ ေရာက္လာတာ ပိုမ်ားၿပီး လူလတ္ပိုင္းအရြယ္ေတြ မ်ားတယ္လို႔ မႏၱေလး ေဆးရံုႀကီးမွာ လူနာေတြကို ကူညီေစာင့္ေရွာက္ေရး ေဆာင္ရြက္ေပးေနတဲ့ One To One ကေလးလူနာကူညီေရးအဖြဲ႔က ကို၀မ္းက ေျပာပါတယ္။

မႏၱေလးေဆးရံုႀကီးမွာ ျမန္မာႏို္င္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႔ခ်ဳပ္ အပါအ၀င္ လူမႈကူညီေရး အသင္းအဖြဲ႔ေတြက အေျခစိုက္ၿပီး သၾကၤန္တြင္း ထိခိုက္ဒဏ္ရာရတဲ့ လူနာေတြကို ေဆးရံုပို႔ေဆာင္ေပးတာ၊ သက္ဆိုင္ရာ ေဆးကုသရမယ့္ အေဆာင္ေတြထိ ပို႔ေပးတာ၊ ေဆးကုသမႈခံယူၿပီး ေဆးရံုဆင္းတဲ့ လူနာေတြကိုလည္း ၿမိဳ႕တြင္း၊ ၿမိဳ႕ျပင္ အိမ္အေရာက္ ပို႔ေဆာင္ေပးတာေတြကို လူအင္အား ၂၀၀ ေက်ာ္နဲ႔ ကူညီေဆာင္ရြက္ေပးေနတယ္လို႔ သိရပါတယ္။

သၾကၤန္အႀကိဳေန႔မွာ ရန္ကုန္ ျပည္သူ႔ေဆးရံုႀကီး အေရးေပၚဌာနကုိ ေရာက္ရွိလာတဲ့ လူနာစုစုေပါင္း ၁၄၅ ေရာက္ရွိၿပီး ျပင္ပလူနာအေနနဲ႔ ၁၀၁ ေယာက္၊ အတြင္းလူနာအေနနဲ႔ ၄၄ ေယာက္ရွိခဲ့တယ္လို႔ ရန္ကုန္ ျပည္သူ႔ေဆးရံုႀကီးက ဒီေန႔ ထုတ္ျပန္ပါတယ္။

ေရာက္ရွိလာတဲ့ လူနာေတြက အမ်ိဳးသားေတြ မ်ားတယ္လို႔ သိရပါတယ္။

ဒီေန႔ သၾကၤန္အက်ေန႔ မနက္မွာလည္း မႏၱေလး က်ံဳးအေရွ႕ဘက္ျခမ္းမွာ အမ်ိဳးသမီးတစ္ဦး ေရနစ္ေသဆံုးတဲ့ ျဖစ္စဥ္ျဖစ္ပြားခဲ့ၿပီး ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႔ခ်ဳပ္က ဆယ္ယူခဲ့ၿပီး မႏၱေလး ေဆးရံုႀကီးကို ပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။

Credit_RFA

Unicode

မန္တလေး သင်္ကြန်အကြိုနေ့မှာ ထိခိုက်ဒဏ်ရာနဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာတဲ့ လူနာ ၆၀ ကျော်ရှိပြီး သေဆုံးသူ ၃ ဦးရှိခဲ့တယ်လို့ ဆေးရုံကြီးမှာ လူမှုကူညီရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေထံက သိရပါတယ်။

ခိုက်ရန်ဖြစ်ပွားတာ၊ ယာဉ်တိုက်မှုဖြစ်ပွားတာတွေကြောင့် ထိခိုက်ဒဏ်ရာရလို့ ရောက်လာတာ ပိုများပြီး လူလတ်ပိုင်းအရွယ်တွေ များတယ်လို့ မန္တလေး ဆေးရုံကြီးမှာ လူနာတွေကို ကူညီစောင့်ရှောက်ရေး ဆောင်ရွက်ပေးနေတဲ့ One To One ကလေးလူနာကူညီရေးအဖွဲ့က ကိုဝမ်းက ပြောပါတယ်။

မန္တလေးဆေးရုံကြီးမှာ မြန်မာနို်င်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် အပါအဝင် လူမှုကူညီရေး အသင်းအဖွဲ့တွေက အခြေစိုက်ပြီး သင်္ကြန်တွင်း ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ဆေးရုံပို့ဆောင်ပေးတာ၊ သက်ဆိုင်ရာ ဆေးကုသရမယ့် အဆောင်တွေထိ ပို့ပေးတာ၊ ဆေးကုသမှုခံယူပြီး ဆေးရုံဆင်းတဲ့ လူနာတွေကိုလည်း မြို့တွင်း၊ မြို့ပြင် အိမ်အရောက် ပို့ဆောင်ပေးတာတွေကို လူအင်အား ၂၀၀ ကျော်နဲ့ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

သင်္ကြန်အကြိုနေ့မှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ လူနာစုစုပေါင်း ၁၄၅ ရောက်ရှိပြီး ပြင်ပလူနာအနေနဲ့ ၁၀၁ ယောက်၊ အတွင်းလူနာအနေနဲ့ ၄၄ ယောက်ရှိခဲ့တယ်လို့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးက ဒီနေ့ ထုတ်ပြန်ပါတယ်။

ရောက်ရှိလာတဲ့ လူနာတွေက အမျိုးသားတွေ များတယ်လို့ သိရပါတယ်။

ဒီနေ့ သင်္ကြန်အကျနေ့ မနက်မှာလည်း မန္တလေး ကျုံးအရှေ့ဘက်ခြမ်းမှာ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်က ဆယ်ယူခဲ့ပြီး မန္တလေး ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Credit_RFA