အမွှာညီအစ်မနှစ်ဦးကို လက်ထပ်ဖို့ စီစဉ်နေတဲ့ အမျိုးသား
Min Thu (Daily Hot News)
အမွှာနှစ်ဦးမှာ ချစ်သူတစ်ဦးတစ်ကိုပဲ ချစ်ကြပြီး လက်ထပ်ဖို့အထိပင် စီစဉ်နေတာကထူးဆန်းမနေဘူးလား။Anna မဲ့ Lucy ဆိုတဲ့ အမွှာနှစ်ဦးက လွန်ခဲ့တဲ့ ၅နှစ်က facebook ကတွေ့ခဲ့တဲ့ သူတို့ချစ်သူ Ben Bryne နဲ့ လက်ထပ်ချင်နေကြပါတယ်။သြစတြေးလျက ညီအမနှစ်ဦးဖြစ်ပြီး လက်ထပ်ပွဲကျင်းပဖို့ အရီဇိုးနားကိုပင် ခရီးထွက်ဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။အကြောင်းကတော့ အရီဇိုးနားမှာ သူတို့လက်ထပ်ပွဲနဲ့မညီညွတ်တဲ့ဥပဒေမရှိတာကြောင့်ပါပဲ။
သူမတို့နှစ်ဦးကကျွန်မတို့သူနဲ့ချစ်သူဖြစ်ခဲ့တာ လွန်ခဲ့တဲ့ ၅နှစ်ကဖြစ်ပြီး သူနာမည်ကတော့ Benပါ။အခုတော့ အနာဂတ်အကြောင်းစဉ်းစားရတော့မယ်လေ။ဒီလိုလက်ထပ်ပွဲကို ခွင့်ပြုနိုင်မလား ကျွန်မတို့မသိပါဘူး။ဒါပေမယ့် အရီဇိုးမားမှာတော့ ခွင့်ပြုတယ်လို့ကြားတဲ့အတွက် အဲ့မှာ မင်္ဂလာဆောင်ဖြစ်မယ်ထင်တယ်။ လို့ပြောကြားသွားပါတယ်။
အင်တာဗျူ းမှာ လည်းသူတို့နှစ်ဦးလုံးက Ben နဲ့အတူအိပ်ကြတယ်လို့ ပွင့်ပွင့်လင်းလင်း ဖြေကြားသွားပါတယ်။ကျွန်မတို့အတူဆက်ဆံကြပါတယ်။သူကကံကောင်းတဲ့သူပေါ့။အားအင်တော့နှစ်ဆလိုပါလိမ့်မယ်။ဒါပေမယ့် သူက ဂရုစိုက်မှုတွေအချစ်တွေကို နှစ်ဆရနိုင်တယ်လေ။သူတို့နှစ်ဥိီးကတော့ ရန်မဖြစ်ကြသလို ပျော်ရွှင်နေကြပါတယ်တဲ့။
သူတို့က အတူတကွ နေတိုင်ချင်တာမို့ချစ်သူကိုလည်ယတစ်ယောက်တည်းထားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး Ben ကသူတို့နှစ်ယောက်လုံးကိုလက်ခံခဲ့တယ်လို့ဆိုပါတယ်။သူတို့နှစ်ယောက်က ကမ္ဘာမှာ ထပ်တူအကျဆုံး အမွှာဖြစ်ပြီး နည်းပညာသုံးပြီးသူတို့ကိုမခွဲခြားနိုင်ပါဘူးတဲ့။သူတို့က ဒီလို ချွတ်စွပ်တူနိုင်ဖို့ ခွဲစိတ်မှုတွေများစွာပြုလုပ်ခဲ့ပြီး ငွေများစွာလည်းကုန်ကျခဲ့ပါတယ်။သူတို့ရဲ့ ရင်သားတွေ နှုတ်ခမ်းတွေက တစ်ထပ်တည်းတူနေတာကို သင်အံ့သြဖွယ်တွေ့ရမှာပါ။
Min Thu (Daily Hot News)