FAမ်ားအတြက္ ရည္းစားငွားနိုင္တဲ့ ဝန္ေဆာင္မွု တရုတ္မွာ စတင္မိတ္ဆက္

ေရွာ့ပင္းေမာလ္မွာ တစ္ေယာက္ထဲေဈးလာဝယ္ရင္း အထီးက်န္ျဖစ္ေနတဲ့ မိန္းကေလးေတြအတြက္ ရည္ရြယ္ၿပီး ႐ုပ္ေခ်ာေခ်ာေကာင္ေလးမ်ားကို ရည္းစားအျဖစ္ ငွားရမ္းနိုင္တဲ့ ဝန္ေဆာင္မွုကို တ႐ုပ္နိုင္ငံ ဟီဘီၿမိဳ႕က ေဈးဝယ္စင္တာတစ္ခုမွာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က စတင္မိတ္ဆက္လိုက္ပါတယ္။

ေမာ္ဒယ္ဘြိဳင္းေတြဟာ သက္မွတ္ထားတဲ့ ေနရာေလးမွာ အ႐ုပ္ေလးေတြလို စတိုင္အျပည့္နဲ႔ မတ္တပ္ရပ္ေနၾကပါတယ္။ သူတို႔အားလုံးရဲ့ ေရွ႕မွာေတာ့ QR Code ေလးေတြ ေထာင္ထားတာရွိပါတယ္။ ငွားရမ္းရတဲ့ပုံစံကရိုးရွင္းပါတယ္၊ ကိုယ္သေဘာက်တဲ့ ေကာင္ေလးကိုေတြ႕ရင္ သူ႔ေရွ႕က ကုဒ္ေလးကို စကန္ဖတ္ပါ၊ ၿပီးရင္ ၁ ယြမ္ေပးၿပီး ဒီေကာင္ေလးကို နာရီဝက္ ကိုယ္ပိုင္သြားၿပီျဖစ္ပါတယ္။

သူက ကိုယ့္ရဲ့နံေဘးမွာ လိုက္လာၿပီး ဝယ္ထားတဲ့ အထုတ္ေလးေတြသယ္ေပးမယ္၊ ဓါတ္ပုံရိုက္ေပးမယ္၊ မပ်င္းရေအာင္ စကားေတြလိုက္ေျပာေပးမွာျဖစ္ပါတယ္။ နာရီဝက္အခ်ိန္ေစ့သြားရင္ေတာ့ ေကာင္ေလးက သူ႔ေနရာသူ ျပန္သြားၿပီး ေနာက္ထပ္ လာငွားမယ့္သူကို ျပန္ေစာင့္ေနမွာျဖစ္ပါတယ္။

ဒီလိုအမိုက္စား ေမာ္ဒယ္ဘြိဳင္းေလးေတြကို ငွားရမ္းဖို႔ ႀကိဳတင္ေငြ စေပၚလည္းေပးစရာမလိုပါဘူး၊ ၁ ယြမ္(က်ပ္ ၂၁၀) ရွိရင္ ျဖစ္ပါတယ္။ ဒါေပမယ့္ အဆင္မေျပမွုေတြ ျဖစ္တဲ့အခါ ဒါမွမဟုတ္ အဆင္ေျပလြန္းၿပီး ေကာင္ေလးေတြကို မ,သြားတဲ့အခါ ဘာဆက္ျဖစ္မလဲဆိုတာကေတာ့ မရွင္းလင္းပါဘူး။

အခုလို ရည္းစားငွားတဲ့ ဝန္ေဆာင္မွုက ၿပီးခဲ့တဲ့ ခရစၥမတ္တုန္းကလည္း ျပဳလုပ္ခဲ့ဖုးၿပီး အဲဒီတုန္းက တစ္နာရီကိုမွ ၁ ယြမ္ပဲက်ပါတယ္။
လြန္ခဲ့တဲ့အပတ္က ရွန္ေဒါင္းေဈးဝယ္စင္တာမွာ အလားတူစြာ ေကာင္မေလးေတြကို အေဖာ္အျဖစ္ ငွားရမ္းဖို႔ ပြဲထုတ္ခဲ့ေပမယ့္ သိပ္ေအာင္ျမင္မွုမရခဲ့ပါဘူး။ (ေယာက္်ားေတြ မိန္းမေၾကာက္ပုံရတယ္၊ အိမ္ကမိန္းမကိုေျပာတာပါ)

အဲဒါေၾကာင့္ ေကာင္မေလးေတြက သူတို႔ေနရာမွာပဲ မတ္တပ္ေတြရပ္ရင္း ဖုန္းပြတ္ေနခဲ့ၾကရပါတယ္။ အခုလို ေယာက္်ားေလး ရည္းစားအငွားလိုက္တာကေတာ့ အဆင္ေျပေနလၽွက္ရွိၿပီး ဘယ္ေတာ့မ်ား တို႔နိုင္ငံကို ကူးစက္လာမလဲဆိုတာ ေစာင့္ၾကည့္ရပါဦးမယ္။

ရှော့ပင်းမောလ်မှာ တစ်ယောက်ထဲဈေးလာဝယ်ရင်း အထီးကျန်ဖြစ်နေတဲ့ မိန်းကလေးတွေအတွက် ရည်ရွယ်ပြီး ရုပ်ချောချောကောင်လေးများကို ရည်းစားအဖြစ် ငှားရမ်းနိုင်တဲ့ ဝန်ဆောင်မှုကို တရုပ်နိုင်ငံ ဟီဘီမြို့က ဈေးဝယ်စင်တာတစ်ခုမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်မိတ်ဆက်လိုက်ပါတယ်။

မော်ဒယ်ဘွိုင်းတွေဟာ သက်မှတ်ထားတဲ့ နေရာလေးမှာ အရုပ်လေးတွေလို စတိုင်အပြည့်နဲ့ မတ်တပ်ရပ်နေကြပါတယ်။ သူတို့အားလုံးရဲ့ ရှေ့မှာတော့ QR Code လေးတွေ ထောင်ထားတာရှိပါတယ်။ ငှားရမ်းရတဲ့ပုံစံကရိုးရှင်းပါတယ်၊ ကိုယ်သဘောကျတဲ့ ကောင်လေးကိုတွေ့ရင် သူ့ရှေ့က ကုဒ်လေးကို စကန်ဖတ်ပါ၊ ပြီးရင် ၁ ယွမ်ပေးပြီး ဒီကောင်လေးကို နာရီဝက် ကိုယ်ပိုင်သွားပြီဖြစ်ပါတယ်။

သူက ကိုယ့်ရဲ့နံဘေးမှာ လိုက်လာပြီး ဝယ်ထားတဲ့ အထုတ်လေးတွေသယ်ပေးမယ်၊ ဓါတ်ပုံရိုက်ပေးမယ်၊ မပျင်းရအောင် စကားတွေလိုက်ပြောပေးမှာဖြစ်ပါတယ်။ နာရီဝက်အချိန်စေ့သွားရင်တော့ ကောင်လေးက သူ့နေရာသူ ပြန်သွားပြီး နောက်ထပ် လာငှားမယ့်သူကို ပြန်စောင့်နေမှာဖြစ်ပါတယ်။

ဒီလိုအမိုက်စား မော်ဒယ်ဘွိုင်းလေးတွေကို ငှားရမ်းဖို့ ကြိုတင်ငွေ စပေါ်လည်းပေးစရာမလိုပါဘူး၊ ၁ ယွမ်(ကျပ် ၂၁၀) ရှိရင် ဖြစ်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ ဖြစ်တဲ့အခါ ဒါမှမဟုတ် အဆင်ပြေလွန်းပြီး ကောင်လေးတွေကို မ,သွားတဲ့အခါ ဘာဆက်ဖြစ်မလဲဆိုတာကတော့ မရှင်းလင်းပါဘူး။

အခုလို ရည်းစားငှားတဲ့ ဝန်ဆောင်မှုက ပြီးခဲ့တဲ့ ခရစ္စမတ်တုန်းကလည်း ပြုလုပ်ခဲ့ဖုးပြီး အဲဒီတုန်းက တစ်နာရီကိုမှ ၁ ယွမ်ပဲကျပါတယ်။
လွန်ခဲ့တဲ့အပတ်က ရှန်ဒေါင်းဈေးဝယ်စင်တာမှာ အလားတူစွာ ကောင်မလေးတွေကို အဖော်အဖြစ် ငှားရမ်းဖို့ ပွဲထုတ်ခဲ့ပေမယ့် သိပ်အောင်မြင်မှုမရခဲ့ပါဘူး။ (ယောက်ျားတွေ မိန်းမကြောက်ပုံရတယ်၊ အိမ်ကမိန်းမကိုပြောတာပါ)

အဲဒါကြောင့် ကောင်မလေးတွေက သူတို့နေရာမှာပဲ မတ်တပ်တွေရပ်ရင်း ဖုန်းပွတ်နေခဲ့ကြရပါတယ်။ အခုလို ယောက်ျားလေး ရည်းစားအငှားလိုက်တာကတော့ အဆင်ပြေနေလျှက်ရှိပြီး ဘယ်တော့များ တို့နိုင်ငံကို ကူးစက်လာမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်