ကေလးတစ္ဦးေမြးဖြားဖို႔ ေတာထဲက ျခေသၤ့(၁၂)ေကာင္က ၀ိုင္း၀န္းေစာင့္ေလွ်ာက္ေပးခဲ့တဲ့ အံ့အားသင့္စရာျဖစ္ရပ္

အိႏၵိယႏိုင္ငံမွာ ကေလးတစ္ဦးေမြးဖြားဖို႔ ေတာထဲက ျခေသၤ့အေကာင္(၁၂)ေကာင္က ၀ိုင္း၀န္းေစာက္ေလွ်ာက္ေပးခဲ့တဲ့ အံ့အားသင့္စရာျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့ပါတယ္။ အဆိုပါ ထူးဆန္းတဲ့ျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့တဲ့ေနရာအတိအက်က အိႏိၵယႏို္င္ငံ၊ Gujaratျပည္နယ္၊ Amreliၿမိဳ႕ရွိ ေက်းရြာေလးတစ္ရြာမွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ျဖစ္စဥ္မွာ Amreliၿမိဳ႕က ကုိယ္၀န္ေဆာင္သည္အမ်ိဳးသမီးတစ္ဦး ကေလးမီးဖြားလိုတာေၾကာင့္ (၁၀၈)အေရးေပၚကားနဲ႔ ေဆးရုံကို သြားေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ရြာနီးနားက ေတာထဲကေန ျခေသ့ၤ(၁၂)ေကာင္ထြက္ေပၚလာခဲ့ၿပီးအဆိုပါေဆးရုံသြားမယ့္ အေရးေပၚကားကို တားထားၿပီး ၀ို္င္း၀န္းေနခဲ့တာျဖစ္ပါတယ္။

ျခေသ့ၤေတြက ကားလမ္းကို တားထားတာေၾကာင့္ အေရးေပၚကားမွာ ေရွ႕ဆက္သြားလို႔မရဘဲ ကိုယ္၀န္ေဆာင္သည္အမ်ိဳးသမီးမွာလည္း အေရးေပၚကားေပၚမွာပဲ သားေယာက်ာ္းေလးတစ္ဦးကို ေမြးဖြားခဲ့ရပါတယ္။ေဆးရုံအေရးေပၚ႒ာနက ”ကားေပၚက ၀န္ထမ္းေတြက ကၽြန္ေတာ့္တို႔ကို ဆက္သြယ္ၿပီး အေျခအေနကို ေျပာျပခဲ့ပါတယ္။ အဲဒါနဲ႔ အဲဒီအေရးေပၚကားကို အကူအညီေပးဖို႔ လူလႊတ္လိုက္ၿပီး ျဖစ္ပြားခဲ့တဲ့ေနရာကို (၂၅)မိနစ္အၾကာမွာေရာက္သြားခဲ့ပါတယ္။ ဒါေပမယ့္ ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ျခေသၤ့ေတြဟာ လမ္းေပၚကေနထြက္သြားၿပီး ေတာထဲကို ျပန္၀င္သြားခဲ့ပါတယ္”လို႔ TOLသတင္း႒ာနကို ေျပာခဲ့ပါတယ္။ အဆိုပါျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ကိုယ္၀န္ေဆာင္သည္မိသားစုအသိုင္းအ၀ိုင္းနဲ႔ ေဒသခံအခ်ိဳ႕ကေတာ့ အဆိုပါကေလးမွာ ျမင့္ျမတ္တဲ့ကေလးျဖစ္ႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိခဲ့ပါတယ္။

မူရင္းေရးသားသူ : millionlike

ကလေးတစ်ဦးမွေးဖွားဖို့ တောထဲက ခြင်္သေ့(၁၂)ကောင်က ၀ိုင်းဝန်းစောင့်လျှောက်ပေးခဲ့တဲ့ အံ့အားသင့်စရာဖြစ်ရပ်
ထူးဆန်းထွေလာ, လူမှု့ဘဝ, သတင်း, နိုင်ငံတကာ

အိန္ဒိယနိုင်ငံမှာ ကလေးတစ်ဦးမွေးဖွားဖို့ တောထဲက ခြင်္သေ့အကောင်(၁၂)ကောင်က ၀ိုင်းဝန်းစောက်လျှောက်ပေးခဲ့တဲ့ အံ့အားသင့်စရာဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တဲ့နေရာအတိအကျက အိန္ဒိယနို်င်ငံ၊ Gujaratပြည်နယ်၊ Amreliမြို့ရှိ ကျေးရွာလေးတစ်ရွာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ Amreliမြို့က ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦး ကလေးမီးဖွားလိုတာကြောင့် (၁၀၈)အရေးပေါ်ကားနဲ့ ဆေးရုံကို သွားနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရွာနီးနားက တောထဲကနေ ခြသေ့င်္(၁၂)ကောင်ထွက်ပေါ်လာခဲ့ပြီး
အဆိုပါဆေးရုံသွားမယ့် အရေးပေါ်ကားကို တားထားပြီး ၀ို်င်းဝန်းနေခဲ့တာဖြစ်ပါတယ်။

ခြသေ့င်္တွေက ကားလမ်းကို တားထားတာကြောင့် အရေးပေါ်ကားမှာ ရှေ့ဆက်သွားလို့မရဘဲ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးမှာလည်း အရေးပေါ်ကားပေါ်မှာပဲ သားယောကျာ်းလေးတစ်ဦးကို မွေးဖွားခဲ့ရပါတယ်။ဆေးရုံအရေးပေါ်ဋ္ဌာနက ”ကားပေါ်က ၀န်ထမ်းတွေက ကျွန်တော့်တို့ကို ဆက်သွယ်ပြီး အခြေအနေကို ပြောပြခဲ့ပါတယ်။ အဲဒါနဲ့ အဲဒီအရေးပေါ်ကားကို အကူအညီပေးဖို့ လူလွှတ်လိုက်ပြီး ဖြစ်ပွားခဲ့တဲ့နေရာကို (၂၅)မိနစ်အကြာမှာရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ရောက်သွားတဲ့အချိန်မှာတော့ ခြင်္သေ့တွေဟာ လမ်းပေါ်ကနေထွက်သွားပြီး တောထဲကို ပြန်ဝင်သွားခဲ့ပါတယ်”လို့ TOLသတင်းဋ္ဌာနကို ပြောခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်သည်မိသားစုအသိုင်းအဝိုင်းနဲ့ ဒေသခံအချို့ကတော့ အဆိုပါကလေးမှာ မြင့်မြတ်တဲ့ကလေးဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိခဲ့ပါတယ်။

Credit: millionlike