ခ်စ္သူနိုင္ငံျခားသားက အျဖဴေကာင္ဆိုတာထက္ သူမကို တကယ္ခ်စ္ျပီးသစၥာရွိတဲ့သူမို႕ ေရြးခ်ယ္လိုက္တာပါ ဆိုတဲ့ သင္ဇာ

ျမန္မာနိုင္ငံရဲ႕ ပုရိသေတြ ေတြ ပါးစပ္ဖ်ားမွာ တသသ ေခၚဆိုရေလာက္ေအာင္ အလွသတင္းၾကီးတဲ့ သင္ဇာ၀င့္ေက်ာ္ကေတာ့ လက္ရွိမွာ Sexy Model နဲ႕ မင္းသမီးတစ္ေယာက္အျဖစ္ ရပ္တည္ေနသူျဖစ္ျပီး ေခတ္ေရွ႕ေျပးတဲ့ ဖက္ရွင္ေတြကို မထပ္ေအာင္ ၀တ္ဆင္နိုင္သလို အျမဲတမ္း Hot ေနတဲ့ သင္ဇာက ကိုယ္ခႏၶာအခ်ိဳးအဆစ္ လွပလြန္းတဲ့ အနုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။

လက္ရွိ အနုပညာလႈပ္ရွားမႈအေနနဲ႕ သူမဟာ “သူ ဘယ္သူလဲ” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပါ၀င္သရုပ္ေဆာင္ရိုက္ကူးေနတာျဖစ္ျပီး အားလံုးစိတ္၀င္စားေနတဲ့ သူမရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္လို႕ နို္င္ငံျခားသားတစ္ေယာက္နဲ႕ ခ်စ္သူေတြ ျဖစ္ေနတာ အားလံုးသိရွိျပီးျဖစ္သလို သူမရဲ႕ ခ်စ္သူကို ဘာေၾကာင့္ ေရြးခ်ယ္ျဖစ္ခဲ့သလဲ ဆိုတာ သင္ဇာက ” သင္ဇာကို တကယ္ခ်စ္တယ္ဆိုရင္ ပရိသတ္ေတြက နားလည္ေပးၾကမွာပါ။ သင္ဇာလည္းအပ်ိဳပဲ ေလ၊ ဘာပဲျဖစ္ျဖစ္ တစ္ခ်ိန္ခ်ိန္က်ရင္ အိမ္ေထာင္ျပဳ ရမွာပဲေလ၊ အိမ္ေထာင္ျပဳတာက ဘယ္လိုလူမ်ိဳးျခားပဲ ျဖစ္ျဖစ္ ဗမာလူမ်ိဳးပဲျဖစ္ျဖစ္ ကိုယ္႕အေပၚေရရွည္ ေကာင္းျပီေတာ့ သစၥာရွိတဲ့ လူကိုပဲ ေရြးခ်ယ္မွာပါ။သူ႕ဘာသာ လူမဲပဲျဖစ္ျဖစ္ ၊ လူျဖဴပဲျဖစ္ျဖစ္ ။

အဓိကကေတာ့ ကို္ယ္႕ကို တကယ္ခ်စ္ျပီး နားလည္နိုင္တဲ့ လူမ်ိဳးကိုပဲကိုယ္က ေရြးခ်ယ္မွာပါ။ ျပီးေတာ့ အျဖဴေကာင္မို႕လို႕ ေရြးခ်ယ္ခဲ့တာမဟုတ္ပါဘူး။ သူက (၂) ခါလာေတြ႕တယ္။ သူနဲ႕ ဒိတ္ၾကည္႕တယ္။ ကို္ယ္ၾကိဳက္တဲ့ အခ်က္အလက္ေတြနဲ႕လည္း ျပည္႕စံုေနေတာ့ ဒိတ္ျဖစ္သြားတာပါ။ အသက္ကလည္း နည္းနည္းၾကီးတယ္၊ အရမ္းနားလည္မႈရွိတယ္။ သင္ဇာ အလုပ္ေတြကိုလည္း နားလည္မႈေပးတယ္၊ သင္ဇာကို လည္း စိတ္ခြန္အားေပးတယ္။

သင္ဇာကို ေပ်ာ္ေအာင္ထားတယ္။ စိတ္ညစ္တယ္ ဆိုရင္လည္း ေျပာင္ျပ ျပဴးျပေနတာဆိုေတာ့ ေပ်ာ္ရပါတယ္။ ” လိ္ု႕ သူမရဲ႕ အေၾကာင္းကို ခုလို ဖြင့္ဟလာခဲ့ျပီး နွစ္သစ္မွာ သူမရဲ႕ အိမ္မက္ခရီးစဥ္တစ္ခုျဖစ္တဲ့ ေမာ္ဒိုက္ကို ခ်စ္သူနဲ႕ အတူတူ ခရီးထြက္ရတဲ့ အတြက္ အရမ္းကို ေပ်ာ္ရႊင္ခဲ့ရေၾကာင္းလည္း ဆိုထားတာမို႕ၻပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

Credit:burmese.asia

#Unicode Version#

မြန်မာနိုင်ငံရဲ့ ပုရိသတွေ တွေ ပါးစပ်ဖျားမှာ တသသ ခေါ်ဆိုရလောက်အောင် အလှသတင်းကြီးတဲ့ သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ Sexy Model နဲ့ မင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေသူဖြစ်ပြီး ခေတ်ရှေ့ပြေးတဲ့ ဖက်ရှင်တွေကို မထပ်အောင် ဝတ်ဆင်နိုင်သလို အမြဲတမ်း Hot နေတဲ့ သင်ဇာက ကိုယ်ခန္ဓာအချိုးအဆစ် လှပလွန်းတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

လက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ သူမဟာ “သူ ဘယ်သူလဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာဖြစ်ပြီး အားလုံးစိတ်ဝင်စားနေတဲ့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ နိုင်ငံခြားသားတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်နေတာ အားလုံးသိရှိပြီးဖြစ်သလို သူမရဲ့ ချစ်သူကို ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့သလဲ ဆိုတာ သင်ဇာက ” သင်ဇာကို တကယ်ချစ်တယ်ဆိုရင် ပရိသတ်တွေက နားလည်ပေးကြမှာပါ။ သင်ဇာလည်းအပျိုပဲ လေ၊ ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်ကျရင် အိမ်ထောင်ပြု ရမှာပဲလေ၊ အိမ်ထောင်ပြုတာက ဘယ်လိုလူမျိုးခြားပဲ ဖြစ်ဖြစ် ဗမာလူမျိုးပဲဖြစ်ဖြစ် ကိုယ့်အပေါ်ရေရှည် ကောင်းပြီတော့ သစ္စာရှိတဲ့ လူကိုပဲ ရွေးချယ်မှာပါ။သူ့ဘာသာ လူမဲပဲဖြစ်ဖြစ် ၊ လူဖြူပဲဖြစ်ဖြစ် ။

အဓိကကတော့ ကိုယ့်ကို တကယ်ချစ်ပြီး နားလည်နိုင်တဲ့ လူမျိုးကိုပဲကိုယ်က ရွေးချယ်မှာပါ။ ပြီးတော့ အဖြူကောင်မို့လို့ ရွေးချယ်ခဲ့တာမဟုတ်ပါဘူး။ သူက (၂) ခါလာတွေ့တယ်။ သူနဲ့ ဒိတ်ကြည့်တယ်။ ကိုယ်ကြိုက်တဲ့ အချက်အလက်တွေနဲ့လည်း ပြည့်စုံနေတော့ ဒိတ်ဖြစ်သွားတာပါ။ အသက်ကလည်း နည်းနည်းကြီးတယ်၊ အရမ်းနားလည်မှုရှိတယ်။ သင်ဇာ အလုပ်တွေကိုလည်း နားလည်မှုပေးတယ်၊ သင်ဇာကို လည်း စိတ်ခွန်အားပေးတယ်။

သင်ဇာကို ပျော်အောင်ထားတယ်။ စိတ်ညစ်တယ် ဆိုရင်လည်း ပြောင်ပြ ပြူးပြနေတာဆိုတော့ ပျော်ရပါတယ်။ ” လို့ သူမရဲ့ အကြောင်းကို ခုလို ဖွင့်ဟလာခဲ့ပြီး နှစ်သစ်မှာ သူမရဲ့ အိမ်မက်ခရီးစဉ်တစ်ခုဖြစ်တဲ့ မော်ဒိုက်ကို ချစ်သူနဲ့ အတူတူ ခရီးထွက်ရတဲ့ အတွက် အရမ်းကို ပျော်ရွှင်ခဲ့ရကြောင်းလည်း ဆိုထားတာမို့္ဘပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

Credit:burmese.asia