ဟောင်ကောင်လွှတ်တော်ထဲ အမတ်များ၏ ရန်ပွဲ (ရုပ်သံ)

ဟောင်ကောင်လွှတ်တော်မှာ မေလ ၁၁ ရက်က လွှတ်တော်အမတ်တွေ ခိုက်ရန်ဖြစ်ခဲ့ကြပါတယ်။

အာရှဘဏ္ဍာရေး အချက်အခြာ ဟောင်ကောင်မှာ တရုတ်ပြည်မကြီး အစိုးရရဲ့ သြဇာကို တိုးချဲ့မယ့် တရားခံပြန်ပို့ရေး ဥပဒေကို ဆွေးနွေးရင်း ပြည်မကြီးအစိုးရကို သစ္စာခံတဲ့ အမတ်တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အမတ်တွေ ခိုက်ရန်ဖြစ်ခဲ့ကြတာပါ။

ဟောင်ကောင်ဟာ နိုင်ငံခြားသားတွေ အပါအဝင် ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ လူတွေကို တရားဝင် အကျဉ်းသားလွှဲပြောင်းရေး သဘောတူညီချက် မရှိဘဲ ဟောင်ကောင်ကနေ ပြစ်မှုကျူးလွန်ရာ နိုင်ငံတွေဆီ ပြန်ပို့ခွင့်ပြုမယ့် ဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးစားနေတာပါ။

ဥပဒေမူကြမ်း ကြားနာပွဲကို သီးခြားစီကျင်းပဖို့ တရုတ်လိုလားတဲ့ အမတ်တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အမတ်တွေ ကြိုးစားကြရာက စိတ်မထိန်းနိုင် ဖြစ်ခဲ့ကြပါတယ်။

အမတ်တွေက စားပွဲတွေပေါ် တက်ခဲ့ကြပြီး တယောက်ကို တယောက် ခုန်အုပ်ခဲ့လို့ လုံခြုံရေး အဖွဲ့ဝင်တွေက အခြေအနေကို ထိန်းသိမ်းခဲ့ရပါတယ်။

ဒီမိုကရေစီလိုလားတဲ့အမတ် ဂါရီဖှန်ကိုတော့ ဆေးရုံဆီ ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ ရတာပါ။

ဒီဥပဒေမူကြမ်းဟာ တရုတ်ရဲ့ သြဇာလွှမ်းမှုကို စိုးရိမ်နေတဲ့ ဟောင်ကောင် ဒေသခံတွေအတွက် နောက်ဆုံးပေါ် လျှပ်စီးနှင်တံ ဖြစ်လာခဲ့တာပါ။

ဗြိတိန် ကိုလိုနီဟောင်း ဟောင်ကောင်ကို တရုတ်လက်အောက် ပြန်လွှဲပေးချိန်မှာ တနိုင်ငံကို စနစ်နှစ်မျိုးနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးပြီး အုပ်ချုပ်ဖို့ ကတိပြုထားပါတယ်။

 

လွန်ခဲ့တဲ့ သီတင်းပတ် နှစ်ပတ်အကြာက ဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့လူ အယောက် ၁ သိန်း ၃ သောင်းကျော်ဟာ ချီတက် ဆန္ဒပြခဲ့ပြီးပါပြီ။ မေလ ဆယ်ရက်မှာလည်း လူထောင်ပေါင်းများစွာဟာ ဥပဒေပြု လွှတ်တော်အပြင်မှာ စုဝေးခဲ့ကြပြီး ဥပဒေမူကြမ်းကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

Credit to DVB