ျဖစ္ခ်င္းပ်က္ျခင္း သေဘာတရားေၾကာင့္ လ်ွပ္စစ္မီး ပ်က္တာပါ လို႔ေျပာတဲ့ ဦးၿဖိဳးမင္းသိန္

ျဖစ္ခ်င္းပ်က္ျခင္း သေဘာတရားေၾကာင့္ လ်ွပ္စစ္မီး ပ်က္တာပါ လို႔ေျပာတဲ့ ဦးၿဖိဳးမင္းသိန္း

ယခုလက္႐ွိျမန္မာႏုိင္ငံေတာ္ေတာ္မ်ားမ်ား အထူးသျဖင့္ ရန္ကုန္တုိင္းေဒသႀကီးမွာ လွ်ပ္စစ္မီးေတြ အလြန္ပ်က္ေနၿပီး ျပည္သူေတြဘက္ကလည္း စိတ္ပ်က္မႈေတြ႐ွိေနပါတယ္။ ဒီလုိမ်ိဳး လွ်ပ္စစ္မီးပ်က္တာဟာ ျဖစ္းခ်င္ပ်က္ခ်င္း သေဘာတရားေတြေၾကာင့္ မီးကပ်က္မွာပဲလုိ႔ ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးျဖဳိးမင္းသိန္းက ေျပာလုိက္ပါတယ္။

ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက “လွ်ပ္စစ္က႑နဲ႔ ရင္းႏွီးျမႇပ္ႏွံခ်င္တာကေတာ့ စကၤာပူမွမဟုတ္ပါဘူး အမ်ားႀကီးပါ ဂ်ပန္ Company ကပဲ ၅ခုေလာက္႐ွိပါတယ္။တျခားႏုိင္ငံေတြရဲ႕ Company ေတြလည္း ႐ွိပါတယ္။ကြၽန္ေတာ္တုိ႔အေနနဲ႔လ်ွပ္စစ္နဲ႔ ပတ္သက္တဲ့စက္ပစၥည္းတစ္ခု႐ွိတယ္ ေသခ်ာတယ္ ကြၽန္ေတာ္တုိ႔ဟာလွ်ပ္စစ္မဟာဓာတ္အားလုိင္းက backupမ႐ွိဘူး။backup လုပ္ဖုိ႔လုိတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဒီလွ်ပ္စစ္ပစၥည္းဆုိတာ ပ်က္မွာပဲ။လွ်ပ္စစ္မီးဆုိတာလည္း ပ်က္မွာပဲ စက္ပစၥည္းေတြ ၾကဳိးေတြ ဘာပဲ ျဖစ္ျဖစ္ေပါ့ဗ်ာ။

ျဖစ္ခ်င္းပ်က္ခ်င္းဆုိတာ႐ွိတယ္ ပ်က္ကုိပ်က္ရမယ္ ပ်က္ရင္ backup ၾကဳိးလုိင္းတစ္ခုကေနမီးေပးရမယ္။ ဒီျကဳိးလုိင္းပ်က္ရင္ဒီဘက္ၾကဳိးလုိင္းကေနမီးေပးႏုိင္တဲ့ အဆင္သင့္ျပင္ဆင္ထားမႈမ႐ွိဘူးဆုိရင္ေတာ့။မီးပ်က္သြားတဲ့အခ်ိန္မွာေမွာင္သြားမွာပဲ။ေနာက္ကေန ေပးႏုိင္တဲ့ေနာက္ထပ္တစ္လုိင္း႐ွိမယ္ဆုိရင္ေတာ့ ေပးႏုိင္တဲ့အေျခအေနတစ္ခုကြၽန္ေတာ္တုိ႔ရမွာပါ။

System Breakdownျဖစ္တယ္ဆုိရင္ကြၽန္ေတာ္တုိ႔က ဥပမာေပါ့ဗ်ာ ေတာင္တြင္းႀကီးျမဳိ႕မွာ ေလသင့္လုိ႔ ၾကဳိးလုိင္းျပႆနာျဖစ္ၿပီဆုိရင္ရန္ကုႏ္ုက အားလုံးပ်က္။ယခင္က ဒီထက္ပုိဆုိးတာ႐ွိေသးတယ္။အဲ့လုိပ်က္ရင္ မီးစက္ေတြေမာင္းထားတဲ့ အခုစက္ေတြေပါ့ဗ်ာ။

ထုတ္လုပ္ေနတဲ့ စက္ေတြက တျခားလုိင္းေတြ အကုန္ျပဳတ္က်သြားတဲ့အခ်ိန္ေၾကာင့္အဲ့စက္ေတြကပါ ေလာင္သြားေရာအခုေတာ့ကြၽန္ေတာ္တုိ႔ နည္းပညာပုိင္းဆုိင္ရာနဲ႔ ထိန္းႏုိင္တဲ့အေျခအေနမွာ႐ွိတယ္။ကြၽန္ေတာ္တုိ႔ဒါကုိ ပြင့္ပြင့္လင္းလင္းေျပာရင္စစဦးဆုံးေျပာရင္ကြၽန္ေတာ္တုိ႔ စၿပီးတာဝန္ယူလုိက္တဲ့ အခ်ိန္မွာ အလုံမွာ႐ွိတဲ့စက္ကအဲ့အတုိင္းထိတာ။

System Breakdownလည္းျဖစ္ေရာသူ႔ကုိဆြဲလုိက္သလုိမ်ိဴး ျဖစ္သြားတယ္။ဒါေၾကာင့္မုိ႔လုိ႔ကြၽန္ေတာ္တုိ႔ဟာေသခ်ာတာေတာ့ဒီအေျခခံ အေဆာက္အဦပုိင္းမွာမဟာဓာတ္အားလုိင္းႀကီးေတြမွာ Backup ေပးႏုိင္တဲ့လုိင္းထူကုိထူေထာင္ရမယ္။ဒါေပမဲ့ ဘီလ်ံေပါင္းမ်ားစြာေသာရင္းနီးျမႇပ္ႏွံမႈေတြလုိတယ္။ကြၽန္ေတာ္တုိ႔ကေငြမ႐ွိေပမယ့္ ဒီလုပ္ငန္းကုိ Invest လုပ္ခ်င္တဲ့သူေတြ ႐ွိပါတယ္။

ဒါက မဟာဓာတ္အားလုိင္းနဲ႔ ပတ္သက္ၿပီးေတာ့ေပါ့ေနာ္။ေနာက္တစ္ခ်က္ကထုတ္လုပ္ေရးပုိင္းျဖစ္ပါတယ္။ ထုတ္လုပ္ေရးကုိကြၽန္ေတာ္တုိ႔ကေရအားလွ်ပ္စစ္နဲ႔ထုတ္တယ္အခုေလာေလာဆယ္ ကြၽန္ေတာ္တုိ႔ Gas နဲ႔ထုတ္တယ္။Gas ကထုတ္တဲ့မီးဟာ တစ္ယူနစ္ကုိ ၁၁၀ နဲ႔အထက္မွာ႐ွိပါတယ္။အခုေဒၚလာေစ်းအေျပာင္းအလဲနဲ႔ဆုိနည္းနည္းေလးေတာင္ ေ႐ွ႕တုိးေနမွာပါ။ အဲ့ေစ်းႏႈန္းကုိေပးႏုိင္မယ္ဆုိရင္ မီးကုိ ၾကဳိက္သေလာက္သုံးပါမ်ားမ်ားသုံးပါလုိ႔ တုိက္တြန္းမယ့္ Company ေတြအမ်ားႀကီး႐ွိပါတယ္ေပးခ်င္လြန္းလုိ႔။ ျမန္မာႏုိင္ငံကုိ လွ်ပ္စစ္ Companyစိတ္ဝင္စားတယ္ဘာေၾကာင့္မုိ႔လုိ႔ စိတ္ဝင္စားတာလဲ မီးခဏခဏပ်က္လုိ႔စိတ္ဝင္စားတာ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit:ေျပာခ်င္လြန္းလို႔

Unicode

ဖြစ်ချင်းပျက်ခြင်း သဘောတရားကြောင့် လျှပ်စစ်မီး ပျက်တာပါ လို့ပြောတဲ့ ဦးဖြိုးမင်းသိန်း

ယခုလက်ရှိမြန်မာနိုင်ငံတော်တော်များများ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှာ လျှပ်စစ်မီးတွေ အလွန်ပျက်နေပြီး ပြည်သူတွေဘက်ကလည်း စိတ်ပျက်မှုတွေရှိနေပါတယ်။ ဒီလိုမျိုး လျှပ်စစ်မီးပျက်တာဟာ ဖြစ်းချင်ပျက်ချင်း သဘောတရားတွေကြောင့် မီးကပျက်မှာပဲလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “လျှပ်စစ်ကဏ္ဍနဲ့ ရင်းနှီးမြှပ်နှံချင်တာကတော့ စင်္ကာပူမှမဟုတ်ပါဘူး အများကြီးပါ ဂျပန် Company ကပဲ ၅ခုလောက်ရှိပါတယ်။တခြားနိုင်ငံတွေရဲ့ Company တွေလည်း ရှိပါတယ်။ကျွန်တော်တို့အနေနဲ့လျှပ်စစ်နဲ့ ပတ်သက်တဲ့စက်ပစ္စည်းတစ်ခုရှိတယ် သေချာတယ် ကျွန်တော်တို့ဟာလျှပ်စစ်မဟာဓာတ်အားလိုင်းက backupမရှိဘူး။backup လုပ်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလျှပ်စစ်ပစ္စည်းဆိုတာ ပျက်မှာပဲ။လျှပ်စစ်မီးဆိုတာလည်း ပျက်မှာပဲ စက်ပစ္စည်းတွေ ကြိုးတွေ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။

ဖြစ်ချင်းပျက်ချင်းဆိုတာရှိတယ် ပျက်ကိုပျက်ရမယ် ပျက်ရင် backup ကြိုးလိုင်းတစ်ခုကနေမီးပေးရမယ်။ ဒီကြိုးလိုင်းပျက်ရင်ဒီဘက်ကြိုးလိုင်းကနေမီးပေးနိုင်တဲ့ အဆင်သင့်ပြင်ဆင်ထားမှုမရှိဘူးဆိုရင်တော့။မီးပျက်သွားတဲ့အချိန်မှာမှောင်သွားမှာပဲ။နောက်ကနေ ပေးနိုင်တဲ့နောက်ထပ်တစ်လိုင်းရှိမယ်ဆိုရင်တော့ ပေးနိုင်တဲ့အခြေအနေတစ်ခုကျွန်တော်တို့ရမှာပါ။

System Breakdownဖြစ်တယ်ဆိုရင်ကျွန်တော်တို့က ဥပမာပေါ့ဗျာ တောင်တွင်းကြီးမြို့မှာ လေသင့်လို့ ကြိုးလိုင်းပြဿနာဖြစ်ပြီဆိုရင်ရန်ကုန်ုက အားလုံးပျက်။ယခင်က ဒီထက်ပိုဆိုးတာရှိသေးတယ်။အဲ့လိုပျက်ရင် မီးစက်တွေမောင်းထားတဲ့ အခုစက်တွေပေါ့ဗျာ။

ထုတ်လုပ်နေတဲ့ စက်တွေက တခြားလိုင်းတွေ အကုန်ပြုတ်ကျသွားတဲ့အချိန်ကြောင့်အဲ့စက်တွေကပါ လောင်သွားရောအခုတော့ကျွန်တော်တို့ နည်းပညာပိုင်းဆိုင်ရာနဲ့ ထိန်းနိုင်တဲ့အခြေအနေမှာရှိတယ်။ကျွန်တော်တို့ဒါကို ပွင့်ပွင့်လင်းလင်းပြောရင်စစဦးဆုံးပြောရင်ကျွန်တော်တို့ စပြီးတာဝန်ယူလိုက်တဲ့ အချိန်မှာ အလုံမှာရှိတဲ့စက်ကအဲ့အတိုင်းထိတာ။

System Breakdownလည်းဖြစ်ရောသူ့ကိုဆွဲလိုက်သလိုမျိူး ဖြစ်သွားတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာသေချာတာတော့ဒီအခြေခံ အဆောက်အဦပိုင်းမှာမဟာဓာတ်အားလိုင်းကြီးတွေမှာ Backup ပေးနိုင်တဲ့လိုင်းထူကိုထူထောင်ရမယ်။ဒါပေမဲ့ ဘီလျံပေါင်းများစွာသောရင်းနီးမြှပ်နှံမှုတွေလိုတယ်။ကျွန်တော်တို့ကငွေမရှိပေမယ့် ဒီလုပ်ငန်းကို Invest လုပ်ချင်တဲ့သူတွေ ရှိပါတယ်။

ဒါက မဟာဓာတ်အားလိုင်းနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။နောက်တစ်ချက်ကထုတ်လုပ်ရေးပိုင်းဖြစ်ပါတယ်။ ထုတ်လုပ်ရေးကိုကျွန်တော်တို့ကရေအားလျှပ်စစ်နဲ့ထုတ်တယ်အခုလောလောဆယ် ကျွန်တော်တို့ Gas နဲ့ထုတ်တယ်။Gas ကထုတ်တဲ့မီးဟာ တစ်ယူနစ်ကို ၁၁၀ နဲ့အထက်မှာရှိပါတယ်။အခုဒေါ်လာဈေးအပြောင်းအလဲနဲ့ဆိုနည်းနည်းလေးတောင် ရှေ့တိုးနေမှာပါ။ အဲ့ဈေးနှုန်းကိုပေးနိုင်မယ်ဆိုရင် မီးကို ကြိုက်သလောက်သုံးပါများများသုံးပါလို့ တိုက်တွန်းမယ့် Company တွေအများကြီးရှိပါတယ်ပေးချင်လွန်းလို့။ မြန်မာနိုင်ငံကို လျှပ်စစ် Companyစိတ်ဝင်စားတယ်ဘာကြောင့်မို့လို့ စိတ်ဝင်စားတာလဲ မီးခဏခဏပျက်လို့စိတ်ဝင်စားတာ။”လို့ ပြောသွားခဲ့ပါတယ်။

Credit:ပြောချင်လွန်းလို့