အားသြင္းႀကိဳးေတြမလိုေတာ့ပဲ ဝိုင္ဖိုင္နဲ႔ မီးအားသြင္းနိုင္မယ့္ နည္းပညာ တီထြင္

သိပၸံပညာရွင္ေတြဟာ အခုဆိုရင္ ဝိုင္ဖိုင္လွိုင္းေတြကို လ်ပ္စစ္စြမ္းအင္ေပါင္းထည့္ေပးနိုင္ဖို႔ တီထြင္ေနၾကၿပီျဖစ္ပါတယ္ ။ဝိုင္ဖိုင္ကေတာ့ လ်ပ္စစ္ဓါတ္ေျပာင္းေပမယ့္ အစိတ္အပိုင္းေလးကိုေတာ့ Rectenna လို႔ေခၚၿပီး ဒီပစၥည္းေလးဟာ Semiconductor ေတြကိုအသုံးျပဳၿပီး AC ကို DCအျဖစ္ေျပာင္းလဲေပးမွာျဖစ္ပါတယ္ ။ MIT မွ နည္းပညာရွင္အဖြဲ႕ေတာ့ ဒီပစၥည္းေလးဟာ လ်ပ္စစ္ပစၥည္းကိရိယာ နယ္ပယ္မွာ အလြန္အသုံးဝင္တဲ့အရာတစ္ခုျဖစ္လာနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ထားၾကပါတယ္ ။

Rectenna ဆိုတာကေတာ့ ဝိုင္ဖိုင္လွိုင္းေတြက သယ္ေဆာင္လာတဲ့ လ်ပ္စစ္သံလိုက္ဓါတ္ေတြကိုဖမ္းယူေပးမယ့္ အင္တာနာေလးပါပဲ ။MIT မွနည္းပညာရွင္ေတြဟာ Molybdenum Disulfide (MoS2) ဆိုတဲ့ ကမၻာေပၚမွာအပါးလႊာဆုံး Semiconductor ကိုအသုံးျပဳၿပီးေတာ့ Rectenna ကိုဖန္တီးထားတာပဲျဖစ္ပါတယ္ ။လ်ပ္စစ္ကိရိယာေတြမွာ စြမ္းအင္အျပည့္အဝ အသုံးခ်နိုင္ေအာင္ စနစ္တြင္းလ်ပ္သိုပမာဏကိုလည္း အနည္းဆုံးထိေလ်ာ့ခ်ဖို႔နည္းလမ္းရွာသြားမယ့္အေၾကာင္း နည္းပညာရွင္အဖြဲ႕ေခါင္းေဆာင္ျဖစ္တဲ့ Dr.Zhang ကေျပာထားပါတယ္ ။

Rectenna ဟာ အလြန္ပါးလႊာၿပီးေတာ့ တြန႔္ေခါက္လို႔ရတဲ့ အင္တာနာအမ်ိဳးအစားျဖစ္တဲ့အတြက္ နံရံေတြ ၊ မ်က္ႏွာၾကပ္ေတြမွာ တပ္ဆင္ၿပီး အိမ္သုံးလ်ပ္စစ္ပစၥည္းေတြမွာ အသုံးျပဳနိုင္လိမ့္မယ္လို႔လည္း နည္းပညာရွင္ေတြကေျပာထားပါတယ္။ သိပၸံပညာရွင္ေတြ Retanna ကို စမ္းသပ္ခဲ့စဥ္အခ်ိန္မွာေတာ့ ကိရိယာမွ ၄၀ မိုက္ခရိုဝပ္ ထုတ္လုပ္ေပးနိုင္တာကိုေတြ႕ရပါတယ္ ။
၄၀ မိုက္ခရိုဝပ္ဆိုတဲ့ စြမ္းအင္ဟာ ဖုန္းမ်က္ႏွာျပင္ကို လင္းေစနိုင္ေလာက္တဲ့ ပမာဏရွိပါတယ္ ။

ထို႔အျပင္ ဒီနည္းပညာကို ေဆးဘက္ဆိုင္ရာဘက္မွာလည္း အသုံးျပဳသြားဖို႔လုပ္ေဆာင္ေနပါတယ္ ။အူလမ္းေၾကာင္း တစ္ေလ်ာက္ မွန္ေျပာင္းၾကည့္တဲ့အခါ အရင္လို ႀကိဳးၿမိဳခ်စရာလိုေတာ့မွာမဟုတ္ပဲ ေဆးလုံးေလးၿမိဳခ်လိုက္႐ုံနဲ႔ အစာအိမ္လမ္းေၾကာင္းတစ္ေလ်ာက္ကို ၾကည့္ရွုနိုင္ေတာ့မွာပါ ။” အစာအိမ္လမ္းေၾကာင္းစစ္ေဆးတဲ့ ဘတၳရီတပ္ဆင္ထားတဲ့ ကင္မရာေဆးလုံးေလးေတြေတာ့ရွိပါတယ္ ။

ဒါေပမယ့္ အထဲမွာ လစ္သီယမ္ ဘတၳရီထည့္ထားတဲ့အတြက္ မေတာ္တဆေပါက္သြားခဲ့ရင္လူနာေသဆုံးသြားနိုင္ပါတယ္ ။အခုတီထြင္ထားတဲ့ေဆးလုံးကေတာ့ ဘာဘတၳရီမွမလိုအပ္တဲ့အတြက္ မေတာ္တဆထခိုက္တာမ်ိဳးလုံးဝမျဖစ္နိုင္ပါဘူး ” လို႔ ေဒါက္တာ Grajal ကေျပာျပသြားခဲ့ပါတယ္ ။

Writer – Min Thu (Daily Hot News )

Unicode

အားသွင်းကြိုးတွေသုံးစရာမလိုတော့ပဲ ဝိုင်ဖိုင်နဲ့ မီးအားသွင်းနိုင်မယ့် နည်းစနစ်

သိပ္ပံပညာရှင်တွေဟာ အခုဆိုရင် ဝိုင်ဖိုင်လှိုင်းတွေကို လျပ်စစ်စွမ်းအင်ပေါင်းထည့်ပေးနိုင်ဖို့ တီထွင်နေကြပြီဖြစ်ပါတယ် ။ဝိုင်ဖိုင်ကတော့ လျပ်စစ်ဓါတ်ပြောင်းပေမယ့် အစိတ်အပိုင်းလေးကိုတော့ Rectenna လို့ခေါ်ပြီး ဒီပစ္စည်းလေးဟာ Semiconductor တွေကိုအသုံးပြုပြီး AC ကို DCအဖြစ်ပြောင်းလဲပေးမှာဖြစ်ပါတယ် ။ MIT မှ နည်းပညာရှင်အဖွဲ့တော့ ဒီပစ္စည်းလေးဟာ လျပ်စစ်ပစ္စည်းကိရိယာ နယ်ပယ်မှာ အလွန်အသုံးဝင်တဲ့အရာတစ်ခုဖြစ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ် ။

Rectenna ဆိုတာကတော့ ဝိုင်ဖိုင်လှိုင်းတွေက သယ်ဆောင်လာတဲ့ လျပ်စစ်သံလိုက်ဓါတ်တွေကိုဖမ်းယူပေးမယ့် အင်တာနာလေးပါပဲ ။MIT မှနည်းပညာရှင်တွေဟာ Molybdenum Disulfide (MoS2) ဆိုတဲ့ ကမ္ဘာပေါ်မှာအပါးလွှာဆုံး Semiconductor ကိုအသုံးပြုပြီးတော့ Rectenna ကိုဖန်တီးထားတာပဲဖြစ်ပါတယ် ။လျပ်စစ်ကိရိယာတွေမှာ စွမ်းအင်အပြည့်အဝ အသုံးချနိုင်အောင် စနစ်တွင်းလျပ်သိုပမာဏကိုလည်း အနည်းဆုံးထိလျော့ချဖို့နည်းလမ်းရှာသွားမယ့်အကြောင်း နည်းပညာရှင်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Dr.Zhang ကပြောထားပါတယ် ။

Rectenna ဟာ အလွန်ပါးလွှာပြီးတော့ တွန့်ခေါက်လို့ရတဲ့ အင်တာနာအမျိုးအစားဖြစ်တဲ့အတွက် နံရံတွေ ၊ မျက်နှာကြပ်တွေမှာ တပ်ဆင်ပြီး အိမ်သုံးလျပ်စစ်ပစ္စည်းတွေမှာ အသုံးပြုနိုင်လိမ့်မယ်လို့လည်း နည်းပညာရှင်တွေကပြောထားပါတယ်။ သိပ္ပံပညာရှင်တွေ Retanna ကို စမ်းသပ်ခဲ့စဉ်အချိန်မှာတော့ ကိရိယာမှ ၄၀ မိုက်ခရိုဝပ် ထုတ်လုပ်ပေးနိုင်တာကိုတွေ့ရပါတယ် ။
၄၀ မိုက်ခရိုဝပ်ဆိုတဲ့ စွမ်းအင်ဟာ ဖုန်းမျက်နှာပြင်ကို လင်းစေနိုင်လောက်တဲ့ ပမာဏရှိပါတယ် ။

ထို့အပြင် ဒီနည်းပညာကို ဆေးဘက်ဆိုင်ရာဘက်မှာလည်း အသုံးပြုသွားဖို့လုပ်ဆောင်နေပါတယ် ။အူလမ်းကြောင်း တစ်လျောက် မှန်ပြောင်းကြည့်တဲ့အခါ အရင်လို ကြိုးမြိုချစရာလိုတော့မှာမဟုတ်ပဲ ဆေးလုံးလေးမြိုချလိုက်ရုံနဲ့ အစာအိမ်လမ်းကြောင်းတစ်လျောက်ကို ကြည့်ရှုနိုင်တော့မှာပါ ။” အစာအိမ်လမ်းကြောင်းစစ်ဆေးတဲ့ ဘတ္ထရီတပ်ဆင်ထားတဲ့ ကင်မရာဆေးလုံးလေးတွေတော့ရှိပါတယ် ။

ဒါပေမယ့် အထဲမှာ လစ်သီယမ် ဘတ္ထရီထည့်ထားတဲ့အတွက် မတော်တဆပေါက်သွားခဲ့ရင်လူနာသေဆုံးသွားနိုင်ပါတယ် ။အခုတီထွင်ထားတဲ့ဆေးလုံးကတော့ ဘာဘတ္ထရီမှမလိုအပ်တဲ့အတွက် မတော်တဆထခိုက်တာမျိုးလုံးဝမဖြစ်နိုင်ပါဘူး ” လို့ ဒေါက်တာ Grajal ကပြောပြသွားခဲ့ပါတယ် ။

Writer – Min Thu (Daily Hot News )