ဒီလို ပေါက်ပြဲ ၊ ခြစားထားတဲ့ ပိုက်ဆံ အစုတ်တွေကို လွှင့်မပစ်ကြပါနဲ့ 
ငွေအစုတ် အဆွေးများနှင့် မြို့နယ်အဆင် ဘဏ်ခွဲ များမှ လက်မခံသောငွေများ အတွက် သိလိုသည်များကိုမေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ..
လေးစားစွာဖြင်… ကိုထိုက် 09449011247 ကော့ကရိတ်မြို့။
Unicode
ဒီလို ခြစားခြကိုက်ငွေစုတ် ငွေဆွေးတွေကို လွှင့်မပစ်ကြပါနဲ့နော်။
တစ်ခုလောက်ပြောပြချင်တယ် အကျိုးရှိမှာမို့ ဖတ်ကြည့်စေလိုပါတယ်..
မြိ့ုနယ်အဆင် ဘဏ်တွေ မှာ အဲ့ပုံပါအတိုင်း ခြစား(ခြကိုက်)ငွေတွေကို သွားလဲ ရင် မရပါဘူး။ ဒါကို ဘဏ်က လဲမပေးလို့ သုံးမရဘူးထင်ပြီး ဖျက်စီး မပြစ်ကြပါနဲ့။
ရန်ကုန် ဆူလေအနီး လမ်း၃၀ အောက် ဘလောက်မှာရှိတဲ့ ဗဟိုဘဏ်ငွေစုတ်ငွေဆွေးလုပ်ငန်းခွဲ မှာ တရားဝင် လဲလှယ်လို့ရပါတယ်။
သွေးစွန်း မှင်စွန်း မီးလောင် ခြစား ဆီစွန်း အပိုင်းပိုင်းပြတ်တဲ့ငွေတွေ ကို သတ်မှတ်ထားတဲ့ စံညွှန်းနဲ့ကိုက်ညီရင် ပြန်လဲ ပေးပါတယ်။
ဒါကို မသိပဲ မီးရှို့ဖျက်စီးပြစ်လိုက်မယ် ဆိုရင် နှမြောဖို့ကောင်းပါတယ်။ကျနော်ကိုယ်တိုင် ဗဟိုဘဏ်ငွေစုတ်ငွေဆွေးလုပ်ငန်းခွဲမှာ ၃ကြိမ် သွားလဲဖူးပါတယ်။
အားလုံးနီးပါး ပြန်ပြီရတာမို့ ကျနော်ပြောတဲ့ငွေအစုတ် အဆွေးတွေကို မဖျက်စီး ပြစ်ကြဖို့ပါ။ မိမိပါတ်ဝန်းကျင်မှာ တွေ့ခဲ့ ဆုံခဲ့မယ်ဆို ရင် ဖြင်ငွေဆုံးရှုံးမှု မဖြစ်ရလေအောင်ကူညီပြောပြပေးနိုင်ပါတယ်။
အစိုးရဘဏ်တွေ မှာ သာမာန်ငွေအစုတ် အဆွေတွေ ဗုဒ္ဓဟူးနေ့တိုင်း လဲလှယ်ပေးနေတာမို့ ငွေဆွေး ငွေစုတ် ရှိသူတိုင်း သွားလဲ လို့ ရပါတယ်။
ငွေအစုတ် အဆွေးများနှင့် မြိ့ုနယ်အဆင် ဘဏ်ခွဲ များမှ လက်မခံသောငွေများ အတွက် သိလိုသည်များကိုမေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ..
facebook သုံးရင်း ကုသိုလ်ယူပါ
လေးစားစွာဖြင်… ကိုထိုက် 09449011247 ကော့ကရိတ်မြိ့ု။