ကိုယ်ခန္ဓာကျန်းမာဖို့ ပြုလုပ်သင့်သည့် ဆားရေစိမ်နည်း အမျိုးမျိုး

ဆားရေစိမ်ခြင်းဆိုသည်မှာ တင်ပါးနှင့်ပေါင်များကို ရေနွေးနွေးတွင် စိမ်ခြင်းဖြစ်ပြီး ကိုယ်ခန္ဓာအောက်ပိုင်းရှိ ညောင်းညာခြင်း၊ကိုက်ခဲခြင်း၊မအီမသာဖြစ်ခြင်းတို့ကို သက်သာစေသော နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုးမရှိပဲ အိမ်မှာအလွယ်တကူပြုလုပ်နိုင်တဲ့နည်းဖြစ်လို့ ဆရာဝန်များကိုယ်တိုင် ညွန်ကြားလေ့ရှိပါတယ်။ (၁)မူလလက်ဟောင်း ဆားရည်စိမ်ခြင်း ဆားသည် သဘာဝပိုးသတ်အာနိသင်ရှိတဲ့အပြင် အနာများကို ကျက်စေသောအစွမ်းရှိပါတယ်။ဆားရည်စိမ်ခြင်းကို ဖန်ရည်စိမ်ခြင်းလို့လည်းခေါ်ကြပြီး လိပ်ခေါင်းရောဂါရှိသူတို့အတွက်လည်း အလွန်အသုံးဝင်သောနည်းဖြစ်ပါတယ်။ သင်ခံနိုင်သလောက် အပူရှိသည့် ရေနွေးတစ်ဇလုံစာတွင် ဆားကို ခွက်တစ်ခုရဲ့ လေးပုံတစ်ပုံပမာဏခန့်ထည့်ပါ။ထိုဇလုံထဲတွင် နာရီဝက်ခန့်ထိုင်ပေးဖို့လိုပါတယ်။အနည်းဆုံး၁၅မိနစ်ကြာ ထိုင်မှသာ နာကျင်ကိုက်ခဲခြင်းများ …

Read More

အခြားသောရောဂါများနှင့်မှားတတ်သော အလာ့ဂျစ်/ဓာတ်မတည့်ခြင်း/အစာအဆိပ်သင့်ခြင် လက္ခဏာများ

(၁)ဗိုက်နာခြင်း ရုတ်တရက် ဗိုက်ထိုးနာခြင်းဟာ အစာအိမ်အနာ၊အူအတက်ရောင်ခြင်း၊ကျောက်ကပ်ကျောက်တည်ခြင်း၊သည်းခြေအိတ်ရောင်ခြင်းနှင့် အခြားသောရောဂါများကြောင့် ဖြစ်နိုင်ပါတယ်။တကယ်လို့ ဗိုက်နာခြင်းဟာ သိပ်အပြင်းအထန်ကြီးမဟုတ်ပဲ အစာစားပြီးမှရုတ်တရက်ဖြစ်လာပါက သင်ဟာအစာအဆိပ်သင့်ခြင်းကို ခံစားရတာဖြစ်နိုင်ပါတယ်။အလာ့ဂျစ်/အစာအဆိပ်သင့်ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာတွေဟာ ဗိုက်နာခြင်း၊၀မ်းပျက်ခြင်းနှင့် လေပွခြင်းတို့ကြောင့် အစာအိမ်လကဏာများနှင့် ဆင်တူပါတယ်။ထို့ကြောင့် အောက်ပါလက္ခဏာများရှိမရှိ ကြည့်ပါ။ -အရေပြားနှင့်ပါးစပ်တ၀ိုက်တွင် အနီကွက်ထခြင်း၊ယားယံခြင်း -နှုတ်ခမ်း၊ပါးစပ်နှင့်လျှာများ အမ်းလာခြင်း(အစာစားပြီး၁၅မိနစ်အတွင်း) -အသက်ရှုကျပ်ခြင်း အဆိုပါလကဏာများတွဲဖက်ဖြစ်ပေါ်ပါက အစာအဆိပ်သင့်ခြင်းဖြစ်တာကြောင့် ချက်ချင်းဆေးခန်းပြသဖို့လိုအပ်ပါတယ်။ (၂)ပျို့အန်ခြင်း တခါတလေတွင် အစာအဆိပ်သင့်ခြင်း၊ဘတ်တီးရီးယားနှင့်ဗိုင်းရပ်စ်ပိုးဝင်ခြင်းတို့ကြောင့်လည်း ပျို့အန်တတ်ပါတယ်။အစာအဆိပ်သင့်မှုကြောင့်ပျို့အန်ခြင်းဟာ …

Read More

သီလရှင် ၀တ်ခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

(မေး) သီလရှင် ၀တ်ခြင်းသည် ၀တ်သူနှင့် ၀တ်သူ၏မိဘများ၌ မည်ကဲ့သို့ အကျိုးကျေးဇူး ရှိနိုင်သည်ကိုရှင်းပြပေးတော်မူပါဘုရား။ ( နုနုခိုင်-မြို့နယ်စာရင်းရုံ၊ အိမ်မဲမြို့ ) ( ဖြေ ) ဗုဒ္ဓစာပေတွင် ၁။ ဥပသမ္ပဒ ပဗ္ဗဇ္ဇ ၂။ သာမဏေရ ပဗ္ဗဇ္ဇ ၃။ ဣသိ ပဗ္ဗဇ္ဇ ၄။ ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ …

Read More

တိုင်းပြည်ကို အရှက်ရစေလောက်တဲ့ စစ်တပ်ပိုင်ဆိုင်ထားတဲ့ နိုင်ငံ ( ၁၀ ) နိုင်ငံ

အီရတ် အီရတ်ဟာ ဆက်ဒန်ဟူစိန်လက်ထက်မှာ စတုတ္ထမြောက်ကမ္ဘာ့အကြီးဆုံးစစ်တပ်ကြီးဖြစ်ခဲ့ပါတယ်။ ဒါမဲ့အခုစစ်တပ်ကတော့ အရင်စစ်တပ်ရဲ့အရိပ်သာသာပဲရှိပါတော့တယ်။ အီရတ်စစ်တပ်ကို၂၆ ဘီလီယံဒေါ်လာနီးပါးရင်းနှီးမြှုပ်နှံမှုတွေပေးအပ်ထားပါတယ်။ အဲ့အပြင် အမေရိကန်နဲ့ ဗြိတိသျှစစ်တပ်တွေမှ နှစ်ပေါင်းများစွာသောလေ့ကျင့်မှုတွေပါအပါအဝင်ဖြစ်ပါတယ်။ အဲ့လောက်လုပ်ပေးထားတာတောင် သူတို့ဟာ ကမ္ဘာပေါ်က သာမန်စစ်တပ်တွေကိုတောင်လိုက်မမှီနိုင်ဘူးဖြစ်နေပါတယ်။ အီရတ်စစ်တပ်ရဲ့အကြီးမားဆုံးသောပြဿနာတွေထဲကတစ်ခုကတော့ လစာတော့ယူပီး အလုပ်ကိုပေါ်မလာတဲ့ သရဲစစ်သားတွေအများအပြားရှိနေခြင်းပါ။ မြောက်ကိုရီးယား မြောက်ကိုရီးယားစစ်တပ်ကို လူအတော်များများဟာ ခြိမ်းမှုကြီးတစ်ခုလို့မမြင်ကြပါဘူး။ ကျွန်တော်တို့ဟာ ကမ္ဘာမှာတော့မြောက်ကိုရီးယားကိုရှက်စရာတစ်ခုအဖြစ်စဉ်းစားနေကြမယ်ဆိုပေမဲ့ သူတို့စစ်တပ်ဟာပိုပီးတော့ ဟာသတစ်ခုလိုဖြစ်နေပါသေးတယ်။ မြောက်ကိုရီးယားရဲ့စစ်မှုမထမ်းမနေရဥပဒေကြောင့်နေထိုင်သူနိုင်ငံသားတိုင်းဟာမဖြစ်မနေစစ်မှုထမ်းရပါတော့တယ်။ အဲ့အခါမှာဆိုရင်လဲ …

Read More

မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ထူးဆန်းသော အံ့ဖွယ် ( ၁၈ ) ပါး

( ၁ )ည အခါစေတီတော်အားတစ်ယောက်တည်းအဓိဌာန်ပြီး(၇)ပတ်ပြီး ရစ်ပတ်ပါကရွှေသံငွေသံကြားရခြင်း။ ( ၂ ) ဒုတိယ ကမ္ဘာစစ်အတွင်းကအင်္ဂလိပ်များအမြောက်မိုး၊စက်သေနတ်မိုး၊ ဗုံးမိုးရွာသော်လည်းကျည်ဆန်တစ်ခုမျှမခခြင်း။ ( ၃ )လပြည့်–လကွယ်ရောင်ခြည်တော်လွှတ်လေ့ရှိခြင်း။ ( ၄ )တောင်ကုန်းနှင့်ပရ၀ဏ်တွင်ရာသီပန်းတို့မပြတ်ပွင့်ခြင်း။ ( ၅ ) ညချမ်းအခါစေတီကုန်းတော်တွင်အမွှေးရနံ့လှိုင်တက်ခြင်း။ ( ၆ )ခေါင်းလောင်းများမတီးဘဲမြည်တတ်ခြင်း။ ( ၇ )ယခုထက်တိုင်ရံဖန်ရံခါဆွမ်းများဦးအောင်မတင်နိုင်ခြင်း။ ( ၈ )နှစ်စဉ်နှစ်တိုင်းဘုရားပွဲတော်ဖြစ်သော်လည်းခိုက်ရန်ဖြစ်ပွားသော …

Read More

သမီးပျိုတိုင်းကို ပန်းဦး ဆက်ရတဲ့ ပုဂံခေတ် အရည်းကြီးများ အကြောင်း

ပုဂံမြေ သည် ထေရဝါဒ ဗုဒ္ဓသာသနာ စတင်ထွန်းကား ပြန့်ပွားရာ နေရာဖြစ်သည့်အလျောက်ဘုရားပုထိုးပေါင်းများစွာ တည်ရှိသော အံ့ဖွယ်နေရာ တစ်ခုဖြစ်သည်။ ထို သာသနာတော် တရှိန်ထိုး တိုးတက် ခဲ့သော ပုဂံ သမိုင်း၌ လူအများစုအတွေးထဲတွင် အရည်းကြီးတို့၏ အခမ်းကဏ္ဍသည် စိတ်ဝင်စားဖွယ်အဖြစ် ပါဝင်လာသည်။ အရည်းကြီး နှင့်ပတ်သက်လျှင် အနော်ရထာမင်း မတိုင်ခင်ခေတ်နှင့် အနော်ရထာမင်း နောက်ပိုင်း ပုဂံ ခေတ်မှ …

Read More

ရုပ် အ ဆင်း လှ ပေ စေ သော ကု သိုလ် ( ၄ ) မျိုး

ရုပ်အဆင်း လှပစေသော ကုသိုလ် (၄) မျိုး ***************************** လူ၊ နတ်၊ ဗြဟ္မာ ဖြစ်လေရာ ဘဝတို့တွင် သူတစ်ပါးထက် ရုပ်အဆင်း လှပ လိုသူတို့သည် ကောင်းမှု ( ၄ ) ပါး ကိုပြုကြရမည် ဟု ကျမ်းဂန်တို့ ၌ ဆိုကြ၏ ။ ထိုကောင်းမှု ( ၄ ) …

Read More

ဖုန်းကိုလိမ်ယူသွားပြီး ဖုန်းထဲက နံပါတ်တွေကို လိုက်ဆက်ပြီး လိမ်တဲ့လိမ်နည်းအသစ် (သူခိုးတွေ အဆင့်မြင့်လာပြီ)

အသိ အကိုတစ်ယောက် မနေ့က ကြုံခဲ့ရတာလေးပါ။ သတိထားလို့ရအောင် ပြန်ရေးပေးတာပါ… အဲ့အကိုရဲ့ အမျိုးသမီးက မန္တလေးက electronic ဆိုင်ကြီးတစ်ခုမှာ အလုပ်ဝင်နေတော့ အဲ့အကိုက မနက်တိုင်း လိုက်ပို့ပြီး အဲ့ဆိုင်ရှေ့မှာပဲ ကားလေးထိုးပြီး ပစ္စည်း အသယ်အပို့ taxi ဆွဲပါတယ်။ တစ်ရက်ကျတော့ ဆိုင်က ကောင်လေးတစ်ယောက်ကို အမျိုးသားတစ်ယောက်ကလာပြီး မင်းတို့ဆိုင်က မဘယ်သူရဲ့ အမျိုးသား ကားနံပါတ် ဘယ်လောက်လောက်ကို …

Read More

ကြက်ဥနှင့်ပတ်သက်သည့် မှားယွင်းသောအယူအဆများ

ကြက်ဥဟာ အရသာရှိသလို အာဟာရတန်ဖိုးများစွာ ပါဝင်သောအစာတစ်မျိုးလည်းဖြစ်ပါတယ်။ကြက်ဥနှစ်သက်သူများအနေဖြင့် ကြက်ဥကို ကြော်ခြင်း၊ပြုတ်ခြင်း၊ပေါင်းခြင်း၊ကင်ခြင်း စသည်ဖြင့် မိမိနှစ်သက်သလို ကြော်လှော်ချက်ပြုတ်ကြပါတယ်။ကြက်ဥကိုကြိုက်နှစ်သက်သူများအနေဖြင့် လူအများစုလက်ခံထားကြတဲ့ မှားယွင်းသောအယူအဆများကို ဖော်ပြလိုက်ပါတယ်။ (၁)ကိုလက်စထရော levelများပြားနေသူများအနေဖြင့် ကြက်ဥမစားသင့်ပါဘူး ကိုလက်စထရောများသူများအနေဖြင့် ကြက်ဥကို ရှောင်ရမယ့်အစာစာရင်းထဲထည့်ထားရမှာကတော့အမှန်ဖြစ်ပါတယ်။သို့ပေမယ့် ကြက်ဥအကာကိုတော့ စားနိုင်ပါတယ်။ကြက်ဥအနှစ်ကိုတော့လုံးဝရှောင်ရမှာ ဖြစ်ပါတယ်။ဒါပေမယ့် ကြက်ဥကြော်ကအနှစ်ထက်စာရင် ကြက်ဥပြုတ်တစ်လုံးစာအနှစ်ကိုတော့ ရံဖန်ရံခါစားနိုင်ပါတယ်။ ဆီးချိုရောဂါနှင့်နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအနေနဲ့လည်း ကြက်ဥကိုတစ်နေ့၃လုံးထက်ပိုမစားသင့်ကြောင်း သတိချပ်သင့်ပါတယ်။ (၂)ကြက်ဥပြုတ်ထက် ကြက်ဥအစိမ်းက ကျန်းမာရေးနှင့်ပိုညီညွတ်တယ် …

Read More

လူပေါင်းများစွာကို အံ့အားသင့်စေခဲ့တဲ့ အမေရိကန်နိုင်ငံ မီချိဂန်ရေကန်ရှိ ရေခဲတွေရဲ့ ရင်သတ်ရှူမောဖွယ်ဓာတ်ပုံများ

ရေကန်အရည်စပျော်တဲ့အချိန်မှာ အစိတ်အပိုင်းဖြစ်သွားတဲ့ ရေခဲတွေရဲ့ မှင်သက်ဖွယ်ဓာတ်ပုံများ -Michiganရေကန်က နွေဦးရာသီအရောက်မှာစပြီးအရည်ပျော်တဲ့အချိန်မှာ ရေက ရေခဲတွေရဲ့အောက်မှာစီးဆင်းနေတုန်းဖြစ်ပါတယ်။ -ရေကန်က မြန်မြန်ဆန်ဆန်အရည်ပျော်သွားပြီးတော့ ရေခဲလွှာတွေကို စီးဆင်းနေတဲ့ရေတွေက မျက်နှာပြင်ပေါ်ကို တွန်းပို့ခဲ့ပါတယ်။ -Michigan ရေကန်ရဲ့အံ့သြဖွယ်မြင်ကွင်းကို အင်္ဂါနေ့တုန်းကMichiganရဲ့ South Havenကနေ တွေ့ရတာဖြစ်ပါတယ်။ နွေဦးရာသီရောက်လာတော့ Michiganရေကန်ကို ခမ်းနားလှပတဲ့ရေခဲတွေနဲ့ဖုံးအုပ်သွားပါတယ်။ ခဲနေတဲ့ရေကန်က အရည်ပျော်သွားတဲ့ပုံက အလှဆင်ထားတဲ့အပြာရောင်ကျောက်ပြားတွေ ဒါမှမဟုတ် လှိုင်းတွေကိုကြာရှည်ဒီအတိုင်းဖြစ်အောင်ထားထားသလိုပါပဲ။ဒီဖြစ်စဉ်က Michiganရေကန်က စအရည်ပျော်သွားတဲ့အချိန်မှာရေခဲတွေအောက်မှာစီးဆင်းနေတဲ့ရေတွေကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ …

Read More